ဆူဒန်ပြည်သူ

October 31, 2021

စစ်အာဏာသိမ်းမှုအား ဆူဒန်ပြည်သူ သောင်းချီ ဆက်လက်ဆန္ဒပြ

အရပ်သား အုပ်ချုပ်မှု ပြန်ထားရှိရေး ဆူဒန်နိုင်ငံရဲ့မြို့တော် ခါတွန်မှာ အောက်တိုဘာ ၃၀ ရက်က ထောင်သောင်းချီတဲ့ လူတွေ ချီတက်ခဲ့ကြပြီး စစ်အာဏာသိမ်းမှုအား ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ဆူဒန်အလံတွေကို ကိုင်စွဲခဲ့ကြပြီး စစ်အုပ်ချုပ်ရေးကို မချီးကျူးနိုင်ဘူးလို့ ကြွေးကြော်ခဲ့ကြပါတယ်။

ဒီနိုင်ငံဟာ ငါတို့နိုင်ငံ၊ အစိုးရဟာ အရပ်သားဖြစ်တယ် စတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ခါတွန့်မြို့က ရပ်ကွက်တွေ တလွှားမှာ ချီတက်ခဲ့ကြတာပါ။

ပြည်သူတွေဟာ ဆူဒန်နိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းက မြို့တွေမှာလဲ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ခါတွန်မြို့လယ်ခေါင်မှာ စနေနေ့က စစ်တပ်နဲ့ ပြည်သူ့စစ်အမြန် ထောက်ပံ့ရေး တပ်တွေ အပါအဝင် လက်နက်ကိုင်တွေကို အကြီးအကျယ် တပ်ချထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ရုံးနဲ့ လေဆိပ်ရှိရာကို ဦးတည်ထားတဲ့ လမ်းတွေအပြင် မြို့တော်ကို ချိတ်ဆက်ထားတဲ့ တံတားအများစုကိုလည်း လုံခြုံရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဘ်ဒယ် ဖာတာ အယ်လ် ဘာဟန် ဦးစီးတဲ့ အောက်တိုဘာ ၂၅ ရက်က စစ်အာဏာသိမ်းမှုကို ထောင်သောင်းချီတဲ့ ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြနေတာပါ။

ဘာဟန်ကတော့ ပြည်တွင်းစစ် ဖြစ်တာကို ရှောင်ဖို့ ဖြုတ်ချခံအစိုးရကို အာဏာသိမ်းခဲ့တာလို့ အောက်တိုဘာ ၂၆ ရက်က ကာကွယ်ပြောဆိုခဲ့ပါတယ်။ 

3 months Ago

October 22, 2021

စစ်အုပ်ချုပ်ရေးအလိုမရှိကြောင်း ဆူဒန်ပြည်သူများဆန္ဒပြ

ဆူဒန်နိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးဖြစ်လာမှာကို   ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ ဆူဒန်မြို့တော်နဲ့ တခြားမြို့တွေမှာ အောက်တိုဘာ ၂၁ ရက်က လူအုပ်ကြီးတွေ ဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။ 

နိုင်ငံကို နှစ် ၃၀ ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ အိုမာ အယ်လ်-ဘာရှားကို လူသိများတဲ့ လူထုအုံကြွမှုကကနေ ၂၀၁၉ ခုနှစ်မှာ ဖယ်ရှားလိုက်ပြီးကတည်းက စစ်တပ်ဟာ အသွင်ကူးပြောင်းရေးအခွင့်အာဏာမှာ အရပ်သားပါတီတွေနဲ့ အာဏာခွဲဝေ ယူထားပါတယ်။

အရပ်သားပါတီတွေကို စီမံခန့်ခွဲမှု မှားယွင်းပြီး အာဏာကို လက်ဝါးကြီးအုပ်တယ်လို့ စစ်တပ်က စွပ်စွဲထားကာ  ညွန့်ပေါင်းအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေဟာ စစ်တပ်နဲ့ သွားပေါင်းစည်းလိုက်ပြီး အစိုးရအဖွဲ့ကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေပါတယ်။

ဒါဟာ အာဏာသိမ်းမှုဖြစ်လာနိုင်ပြီး စစ်တပ်ဟာ ထိန်းချုပ်နိုင်တဲ့ အစိုးရကို ဖွဲ့စည်းဖို့ ရည်မှန်းထားတာ ဖြစ်တယ်လို့ အရပ်ဘက်ခေါင်းဆောင်တွေက ပြောကြပါတယ်။ 

အောက်တိုဘာ ၂၁ ရက် နေ့လယ်ပိုင်းမှ စတင်ကာ နေဝင်ပြီးချိန်အထိ ဆက်လက်ချီတက်ကြတဲ့ ဆန္ဒပြပွဲဟာ စစ်အစိုးရကို ဖြုတ်ချခဲ့ပြီး ပါလီမန်ဒီမိုကရေစီခေတ်သို့ ဦးတည်ခဲ့တဲ့ ၁၉၆၄ ခုနှစ် အောက်တိုဘာလ တော်လှန်ရေး နှစ်ပတ်လည်နေ့မှာ ပြုလုပ်ခဲ့တာပါ။ 

ဒါဟာ ရပ်ကွက်အသေးလေးတွေမှာ ဆန္ဒပြပွဲတွေလုပ်တာ ရက်တွေ များလာပြီးနောက်မှာ မနေ့က အကြီးအကျယ် ဆန္ဒပြခဲ့ကြတာပါ။ 

အသွင်ကူးပြောင်းရေးကာလရဲ့ အကြီးမားဆုံး ဆန္ဒပြပွဲကြီးထဲမှာ လူတွေ ရာနဲ့ထောင်နဲ့ချီ ပါဝင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက  ခန့်မှန်းပါတယ်။  

3 months Ago
Up