ဆူဒန်ကျောင်းဆရာ ထောင်တွင်းသေဆုံးမှုဖြင့် ထောက်လှမ်းရေး ၂၉ ဦးကို  ကြိုးပေးသေဒဏ်ချ

A d v e r t i s e m e n t With Us

December 31, 2019

ဆူဒန်ကျောင်းဆရာ ထောင်တွင်းသေဆုံးမှုဖြင့် ထောက်လှမ်းရေး ၂၉ ဦးကို  ကြိုးပေးသေဒဏ်ချ

ဆူဒန်အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲအတွင်း ကျောင်းဆရာတဦး  အကျဉ်းချခံရစဉ် သေဆုံးခဲ့တာနဲ့ပတ်သက်လို့ တရားရုံးက အမျိုးသားထောက်လှမ်းရေးဝန်ထမ်း ၂၉ ယောက်ကို  ဒီဇင်ဘာ ၃၀ ရက်မှာ ကြိုးပေးသေဒဏ် ချမှတ်လိုက်ပါတယ်။  တရားရုံးအမိန့်ဟာ သမ္မတဟောင်းဘာရှာ ဖြုတ်ချခံရခင်နဲ့ ဖြုတ်ချခံရပြီး နောက်ပိုင်း     အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအပေါ် ဖြိုခွင်းတာနဲ့ ပတ်သက်လို့ ပထမဆုံး ပြစ်ဒဏ် ချမှတ်တာလည်း ဖြစ်ပါတယ်။   ခုလိုထောက်လှမ်းရေး ဝန်ထမ်းတွေအပေါ် တရားစွဲဆိုတာဟာ   သမ္မတဟောင်း ဘာရှာ ချန်ရစ်ခဲ့တဲ့အရာတွေကို ဘယ်လောက်ထိ ချေဖျက်နိုင်သလဲဆိုတဲ့ စမ်းသပ်မှုအဖြစ် အကဲခတ်တွေက ရှုမြင်ပါတယ်။  ကယ်ဆာလာမြို့က  ထောက်လှမ်းရေးဝန်ထမ်း ၂၇ ယောက်နဲ့   အယ်ကစ်ဘာမြို့က ထောက်လှမ်းရေး ဝန်ထမ်း ၂ ယောက်ကို  ဆူဒန်တရားသူကြီးက သေဒဏ်ချမှတ်ခဲ့ပါတယ်။   ကျောင်းဆရာ  ကဲရာဟာ အယ်ကစ်ဘာမြို့မှာသေဆုံးခဲ့တာဖြစ်ပြီး ကနဦးပိုင်းမှာ   ကျောင်းဆရာကဲရာဟာ အဆိပ်မိသေဆုံးတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောခဲ့ပေမယ့် နောက်ပိုင်းစုံစမ်းရေးအရ  ကဲရာဟာ ထောင်ထဲမှာ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ တယ်လို့သိရပါတယ်။   ကဲရာသေဆုံးခဲ့တဲ့အပေါ်မှာ ပြုလုပ်တဲ့  တရားစီရင်မှုကို လူပေါင်းရာချီ လာရောက်  နားထောင်ခဲ့ပြီး တရားသူကြီးဆုံးဖြတ်ချက်အမိန့်  ကြေညာပြီးနောက်မှာတော့ သူတို့တွေ အောင်ပွဲခံကြပါတယ်။
1 year Ago
Up