ဆူဒန်အစိုးကို

April 28, 2019

ဆူဒန်အစိုးကို ဂီတသံစဉ်ဖြင့် ကန့်ကွက်ခဲ့သည့် တယောပညာရှင်နှစ်ဦး (ရုပ်သံ)

ဆူဒန်မြို့တော်ခါတွန်မှာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်းမှာ တယောဂီတ ပညာရှင်နှစ်ဦးလည်း ပါဝင်ဆန္ဒပြခဲ့ပြီး သူတို့နှစ်ဦးဟာ ဂီတသံစဉ်တွေနဲ့အတူ သီချင်းစားသားတွေ ဟစ်ကြွေး သီဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ဧပြီ ၈ ရက်မှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ပြည်သူတွေဟာ အစိုးရရဲ့ ပေါင်မုန့်ဈေးနှုန်းတွေကို မြှင့်တင်လိုက်တာ၊ ငွေကြေးနဲ့ လောင်စာဆီရှားပါး ပြတ်လပ်မှုတွေကြောင့် လမ်းပေါ်ထွက် ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်။ တယောပညာရှင်နှစ်ဦး ပါဝင်လာတဲ့အတွက် ဆန္ဒပြသူတွေဟာ သူတို့နှစ်ဦးအနားကို ဝိုင်လားခဲ့ပြီး လက်ခုပ်တီးကာ “ကမ္ဘာကြီးကိုပြောပြလိုက်ပါ၊ ကျနော်က ဆူဒန်လူမျိုးဆိုတာ၊ ကျနော်ဆူဒန်လူမျိုးတယောက်ပါ။ ကျနော်က ကျနော့်နိုင်ငံကို ကိုယ်စားပြုပါတယ်။ ကျနော် ဆူဒန်လူမျိုး” ပါဆိုတဲ့ သီချင်းကို သံပြိုင်သီဆိုနေကြတာကို ကိုယ်ဝန်ပါဝင်ခဲ့သူတဦး ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တခုမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်ကစလို့ ဆူဒန်နိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဒီဆန္ဒပြပွဲတွေဟာ သမ္မတအိုမာ အယ်လ်ဘာရှားအတွက် သူ့ရဲ့ဆယ်စုနှစ်သုံးစုတာ ကာလအတွင်း အကြီးမားဆုံးစိန်ခေါ်မှုတရပ်အဖြစ် ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ဘာရှားကို အနောက်ဒါဖာဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေက စစ်ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်လိုနေကြပါတယ်။ ဒါပေမယ့် ဘာရှားကတော့ ရာထူးကနေ ဖယ်ပေးဖို့ ငြင်းဆန်ထားကာ သူ့ပြိုင်ဘက်တွေကိုလည်း နိုင်ငံရေးနည်းလမ်းအရ ယှဉ်ပြိုင်ကျဖို့ တိုက်တွန်းထားပါတယ်။
2 years Ago
Up