ထိုင်းအသင်းနဲ့ယှဉ်ပြိုင်ကစားရမယ့် ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့ လက်မှတ်တွေကို ဒီဇင်ဘာ ၂ ရက်ကစလို့ သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်းနဲ့ ပဒုမ္မာကွင်းတွေမှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
လက်မှတ်ဈေးနှုန်းတွေအဖြစ် အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၃၀၀၀ ကျပ် သတ်မှတ်ထားပြီး မှတ်ပုံတင်၊ ကျောင်းသားကတ် သို့မဟုတ် အသိအမှတ်ပြုကတ်တခုကို လက်မှတ်နှစ်စောင် ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဆူဇူကီးဖလား သမိုင်းတလျှောက် ဒုတိယအကြိမ်မြောက် အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ်ပြိုင်ပွဲတုန်းကလည်း အကြိုဗိုလ်လုပွဲ တက်ရောက်ခဲ့ပါတယ်။
မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ဟာ ဒီဇင်ဘာ ၄ ရက် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ထိုင်းအသင်းက ရန်ကုန်မြို့ကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပါတယ်။
6 years Ago