ဆူဇူကီးဖလား မိတ်ဆက်ပြသ

A d v e r t i s e m e n t With Us

November 2, 2016

ဆူဇူကီးဖလား မိတ်ဆက်ပြသ (ဓာတ်ပုံ)

ဆူဇူကီးဖလား မိတ်ဆက်ပြသမှု အစီအစဉ်နဲ့ ဆူဇူကီးကားသစ် မိတ်ဆက်ပွဲကို နိုဝင်ဘာ ၁ ရက်က ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ ဆူဇူကီးကုမ္ပဏီက အသစ်ထုတ်လုပ်ထားတဲ့ Claz ကားသစ်ကို မိတ်ဆက်ပြသခဲ့ပြီး မြန်မာ့လက်ရွေးစင်ကစားသမား ၄ ဦးနဲ့ အင်တာဗျူးအစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။ အင်တာဗျူးအစီအစဉ်မှာ မြန်မာ့လက်ရွေးစင် နောက်ခံကစားသမား ဝင်းမင်းထွဋ်၊ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မောင်မောင်လွင်၊ ဆက်ဖြိုးဝေနဲ့ တိုက်စစ်မှူး သန်းပိုင်တို့က ဆူဇူကီးဖလားအတွက် ပြင်ဆင်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့ အုပ်စုပြိုင်ဘက်အသင်းတွေရဲ့ အကြောင်းကို ဖြေကြားခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၆ ဆူဇူကီဖလားမှာ ချန်ပီယံအသင်းကို ချီးမြှင့်မယ့် ဆူဇူကီးဖလားကို နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီကနေ ညနေ ၉ နာရီအထိ မြန်မာပလာဇာမှာ ပြသမှာဖြစ်ပြီး နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ တေးသံရှင်တွေနဲ့ ဆူဇူကီးဖလားပြိုင်ပွဲ အမေးအဖြေတွေ၊ ဂိမ်းအစီအစဉ်တွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဆူဇူကီးကုမ္ပဏီဟာ ၂၀၀၈ ခုနှစ်ကတည်းက အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို အဓိက စပွန်ဆာအဖြစ် ပံ့ပိုးကူညီခဲ့တာ ဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ - လွှမ်းမိုးအောင်  
4 years Ago
Up