ဆူဇူကီးဖလားအကြို မြန်မာနှင့် အင်ဒိုနီးရှား နိုဝင်ဘာ ၄ ရက်တွင် ခြေစမ်းမည်

A d v e r t i s e m e n t With Us

November 3, 2016

ဆူဇူကီးဖလားအကြို မြန်မာနှင့် အင်ဒိုနီးရှား နိုဝင်ဘာ ၄ ရက်တွင် ခြေစမ်းမည်

၂၀၁၆ ဆူဇူကီးဖလားအတွက် အချိန်ယူပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၅ နာရီ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ဒေသတွင်းပြိုင်ဘက် အင်ဒိုနီးရှားအသင်းနဲ့ ခြေစမ်းကစားမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ ဥရောပခရီးစဉ်အတွင်း နည်းပြချုပ် ဂတ်ဆီဇီရဲ့ ဦးဆောင်မှုအောက်မှာ စုစုစည်းစည်း လေ့ကျင့်ပြင်ဆင်ထားတဲ့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ မြန်မာပရိသတ်ရှေ့ ပထမဆုံးကစားမယ့် ခြေစမ်းပွဲလည်း ဖြစ်ပါတယ်။ မြန်မာ-အင်ဒိုပွဲ လက်မှတ်တွေကို နိုဝင်ဘာ ၃ ရက် ဒီနေ့ကစပြီး အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်း၊ ပဒုမ္မာကွင်းတွေမှာ ရောင်းချပေးသွားမှာဖြစ်သလို ပွဲကစားမယ့် မနက်ဖြန်မှာလည်း သုဝဏ္ဏကွင်းမှာ ၀ယ်ယူနိုင်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြေညာထားပါတယ်။
4 years Ago
Up