ဆူဇူကီးဖလား

December 6, 2021

မြန်မာအသင်း အိမ်ရှင်စင်ကာပူကို ၃ ဂိုးပြတ်ရှုံး၊ မြန်မာပရိတ်သတ် အားပေးသူမရှိ

ဒီဇင်ဘာ ၅ ရက် ညနေက စင်ကာပူနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆူဇူကီးဖလား အုပ်စု (က) အဖွင့်ပွဲစဉ်မှာ  အိမ်ရှင်စင်ကာပူအသင်းက မြန်မာအသင်းကို  ၃ ဂိုးပြတ်အနိုင်ရသွားပါတယ်။ 

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာလက်ရွေးစင်ဘောလုံးအသင်းကို အားပေးမှာ မဟုတ်ဘူးလို့ စင်ကာပူရောက် မြန်မာဘောလုံးပရိသတ်တွေက ကြေညာထားသလို   ကွင်းထဲမှာလည်း လာရောက်ပေးသူ မရှိပါဘူး။ 

ဒီပွဲမှာ အိမ်ရှင်စင်ကာပူအသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း ၃၄ မိနစ်မှာ  ဆာဖူဝမ် ဘာဟာရူဒင်က သွင်းပေးခဲ့ပြီး  ၃၉ မိနစ်နဲ့  ၄၅  မိနစ်ကျော်  နာကျင်အချိန်ပိုမှာ   တိုက်စစ်မှူးအစ်ဆန် ဖန်ဒီက ၂ ဂိုးသွင်းယူပေးခဲ့လို့  ပထမပိုင်းမှာတင်  စင်ကာပူက မြန်မာကို ၃ ဂိုးအသာနဲ့ ပွဲကို ဦးဆောင်ထားတာပါ။

ဒုတိယပိုင်းမှာတော့ ဂိုးကန်သွင်းခွင့်တွေ ရရှိခဲ့ပေမဲ့ နှစ်ဘက်စလုံး ဂိုးထပ်သွင်းနိုင်ခြင်းမရှိတော့ဘဲ စင်ကာပူအသင်းက အနိုင် ၃ မှတ်ရရှိသွားတာပါ။  

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အုပ်စုတွင်း ထိုင်းနဲ့ အရှေ့တီမောတို့ပွဲစဉ်မှာတော့ ထိုင်းအသင်းက အရှေ့တီမောကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲစဉ်အပြီး လက်ရှိအုပ်စု (က) မှာ စင်ကာပူက အုပ်စု ပထမနေရာ၊ ထိုင်းက ဒုတိယ နေရာ၊ တီမောက တတိယနေရာနဲ့ မြန်မာက အုပ်စု အောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။

မြန်မာအသင်းဟာ ဒီဇင်ဘာ ၈ ရက်နေ့မှာ အရှေ့တီမောအသင်းနဲ့ အုပ်စု ဒုတိယမြောက်ပွဲစဉ် ဆက်လက် ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။ 

Photo- MFF

1 year Ago

September 21, 2021

ဆူဇူကီးဖလားတွင် ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူအသင်းများနှင့် မြန်မာ တွေ့ဆုံ

အာဆီယံဆူဇူကီးဖလားအုပ်စုခွဲဝေမှုကို ဒီကနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ရာမှာ မြန်မာအသင်းက ထိုင်း၊ ဖိလစ်ပိုင်၊ စင်ကာပူ နဲ့ ခြေစစ်ပွဲအဆင့်မှာ အနိုင်ရတဲ့အသင်းနဲ့ အုပ်စု A မှာ ကျရောက်ခဲ့ပါတယ်။ 

ခြေစစ်ပွဲအဆင့်မှာ အရှေ့တီမောနဲ့ ဘရူနိုင်းတို့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

တခြားအုပ်စု B မှာ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ လာအိုအသင်းတို့ အတူတွေ့ဆုံခဲ့ပါတယ်။

အာဆီယံချန်ပီယံရှစ်ပွဲစဉ်တွေကို လာမယ့် ဒီဇင်ဘာ ၅ ရက်ကနေ ဇန်နဝါရီ ၁ ရက်အထိ ယှဉ်ပြိုင်သွားမှာပါ။ 

အိမ်ရှင်နိုင်ငံ ၁ နိုင်ငံ ဒါမှမဟုတ် ၂ နိုင်ငံ ကျင်းပမှာဖြစ်ပြီး ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေက အိမ်ရှင်အဖြစ်ကျင်းပဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

မြန်မာအသင်းဟာ  အာဆီယံဖလား သမိုင်းတလျှောက် ထိုင်းအသင်းပါတဲ့ အုပ်စုမှာ (၂၀၁၄၊ ၂၀၁၂၊ ၂၀၀၇၊ ၂၀၀၄၊ ၂၀၀၀၊ ၁၉၉၈) ၆ ကြိမ်အထိ အတူတွေ့ဆုံဖူးပြီး နိုင်ပွဲရယူနိုင်ခြင်း မရှိသေးပါဘူး။

2 years Ago
More News
Up