ဆူဇူကီးဆုဖလားကြီး

A d v e r t i s e m e n t With Us

October 23, 2018

ဆူဇူကီးဆုဖလားကြီး မြန်မာပလာဇာတွင် ခင်းကျင်းပြသ (ဓာတ်ပုံ)

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့  Suzuki ဆုဖလားကြီးကို ဒီကနေ့မနက်က ရန်ကုန်မြို့ မြန်မာပလာဇာမှာ အများပြည်သူတွေ ကြည့်ရှုလေ့လာနိုင်အောင် ခင်းကျင်း ပြသထားပါတယ်။ AFF Suzuki Cup 2018 Trophy ဆုဖလား နယ်လှည့်ပြသခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်း စာရှင်းလင်းပွဲကိုလည်း ဒီနက်ကျင်းပခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာ့လက်ရွေးစင်ဟောင်း မျိုးလှိုင်ဝင်းနဲ့ အမျိုးသမီးလက်ရွေးစင်ဟောင်း စန်းစန်းမော်တို့က ဖြေကြားပေးခဲ့ပါတယ်။ အာဆီယံ ဒေသတွင်း အမြင့်ဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့ ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲကို ရှေ့လ အင်ဒိုနီးရှားနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပမှာ ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းကတော့ ဒီပြိုင်မှာ ၀င်ပြိုင်ဖို့ ကာတာနိုင်ငံမှာ သွားရောက် လေ့ကျင့်နေပါတယ်။ ဓာတ်ပုံ-MFF
2 years Ago
Up