ပုဂံရှေးဟောင်းအမွေအနှစ်များ တည်ရှိရာဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်ခွင့် ရရှိရေးအတွက် ဇွန်လ ၂၇ ရက် ညနေ ၄ နာရီက ပုဂံမြို့ဟောင်း ရွှေဂူကြီး ဘုရားရင်ပြင်တော်မှာ ပြုလုပ်ခဲ့ပါတယ်။
ဒီဆုတောင်းပွဲကို ဦးဆောင်ပြုလုပ်တဲ့ Save Bagan အဖွဲ့က ကိုမျိုးဆက်စံက “Save Bagan အဖွဲ့အစည်းကို ထူထောင်ခဲ့တာ ၃ နှစ်ပြည့်တဲ့နေ့ဖြစ်သလို ပုဂံရှေးဟောင်းဒေသ ကမ္ဘာ့အမွေအနှစ်ဝင်ဖို့ အဖြေထွက်ကာနီးကာလနဲ့ တိုက်ဆိုင်နေလို့ ကမ္ဘာ့အမွေအနှစ် အောင်အောင်မြင်မြင် ဝင်ပါစေဆန္ဒနဲ့ ဆုတောင်းတာ”လို့ ပြောပါတယ်။
အဲဒီ ဆုတောင်းပွဲကို ဒေသခံ ၅၀ လောက်တက်ရောက်ခဲ့ပြီး သံဃာတော်တွေကို ပင့်ဖိတ်ကာ ပရိတ်တရားနာပြီး လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်ကာ ပုဂံကိုစိုးစံခဲ့ဖူးတဲ့ ပုဂံမင်းဆက် ၅၅ ဆက်ကို အမျှပေးဝေ ဆုတောင်းခဲ့ကြပါတယ်။
ပုဂံဒေသကို ကမ္ဘာအမွေအနှစ် စာရင်းဝင်နိုင်ဖို့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ်က တင်သွင်းထားပြီး လာမယ့် ဇူလိုင်လမှာ အဖြေသိရမှာပါ။
2 years Ago