ဆုတောင်းပွဲ ပြုလုပ်နေသည့် အမျိုးသမီးငယ်ကို ရဲမှူး လာရောက်ဖျောင်းဖျ

December 26, 2015

ဆုတောင်းပွဲ ပြုလုပ်နေသည့် အမျိုးသမီးငယ်ကို ရဲမှူး လာရောက်ဖျောင်းဖျ

မြန်မာလူငယ်နှစ်ဦးအတွက် တရားဥပဒေနဲ့အညီ မျှတစွာ ပြန်လည်စီရင်ပေးဖို့ ဆုတောင်းပွဲ ပြုလုပ်နေတဲ့ အမျိုးသမီးငယ်ကို ဒဂုံမြို့နယ် ရဲစခန်းမှူး ဦးဝင်းရွှေက လာရောက်ဖျောင်းဖျခဲ့ပါတယ်။ ရန်ကုန်မြို့ မြန်မာသံရုံးအနီးရှိ ပြည်လမ်းမပေါ်မှာ ဆန္ဒပြပွဲနဲ့ ဆုတောင်းပွဲပြုလုပ်နေတဲ့ အမျိုးသမီးငယ်ကို ရဲမှူးက လာရောက်ဖျောင်းဖျခဲ့တာဖြစ်ပြီး မြန်မာလူငယ် ၂ ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့အပေါ် သူတို့အနေနဲ့ ဝမ်းနည်းရကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရဲမှူးဟာ ဆုတောင်းပွဲပြုလုပ်နေတဲ့ သံဃာတော် ဆွမ်းဘုဉ်းပေးစဉ် ရေဘူးလည်း လာရောက်ဆက်ကပ်ခဲ့ပါတယ်။ မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ  ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးခံရပြီး အမှုရင်ဆိုင်ခဲ့ကြရတဲ့ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ်ချမှတ်လိုက်တာပါ။ သေဒဏ်စီရင်ချက်အပေါ် မျှတစွာ ပြန်လည်တရားစီရင်ပေးဖို့ မြန်မာသံရုံးအနီး ပြည်လမ်းမပေါ်မှာ ဒီဇင်ဘာ ၂၅ ရက်နဲ့ ၂၆  နှစ်ရက်ဆက်တိုက် ဆန္ဒပြပွဲတွေနဲ့ ဆုတောင်းပွဲတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ - အောင်သူ  
7 years Ago
Up