ဆိုးလ်ရှား

July 11, 2019

မန်ယူတွင် အရည်အသွေးရှိ ကစားသမား အများကြီးရှိဟု ဆိုးလ်ရှား ပြော

မန်ယူအသင်းမှာ အရည်အသွေးရှိတဲ့ ကစားသမားတွေ အများကြီးရှိတယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောလိုက်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိအချိန်မှာ သြစတြေးလျနိုင်ငံ ပါ့သ်မြို့မှာ ရာသီကြို လေ့ကျင့်ခန်း ဆင်းနေပါတယ်။ သြစတြေးလျ အေလိဂ်ကလပ် ပါ့သ်ဂလိုရီအသင်းနဲ့ ခြေစမ်းပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ အသင်းလူစာရင်းနဲ့ ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက ကျေနပ်ကြောင်း ပြောလိုက်တာပါ။ လူစာရင်းကို ကျေနပ်ပေမယ့်လည်း အသင်းနဲ့ အံဝင်နိုင်မယ့် ကစားသမားတွေကို ခေါ်ယူဖို့ ဆက်ကြိုးပမ်းမှာဖြစ်ပြီး မတန်တဆဈေးနဲ့ ခေါ်ယူဖို့တော့ မရှိဘူးလို့ ဆိုးလ်ရှားက ပြောပါတယ်။ ကစားသမားသစ်ခေါ်ယူတိုင်း အသင်းနဲ့ အံဝင်ခွင်ကျဖြစ်မယ်လို့ ပြောမရတာကြောင့် စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းပြီးတော့ မှန်ကန်တဲ့ဈေးနှုန်းနဲ့ အံဝင်နိုင်မယ့် ကစားသမားကိုပဲ ခေါ်ယူသွားရမှာဖြစ်တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
2 years Ago

July 10, 2019

မန်ယူတွင်ဆက်နေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ရန် လူကာကူကို ဆိုးလ်ရှား တိုက်တွန်း

လူကာကူအနေနဲ့ အသင်းမှာဆက်နေပြီး ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်ဖို့ နည်းပြ ဆိုးလ်ရှားက တိုက်တွန်းလိုက်ပါတယ်။ မန်ယူတိုက်စစ်မှူး လူကာကူဟာ နည်းပြဆိုးလ်ရှား ရောက်ရှိလာပြီးနောက်ပိုင်းမှာ လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့နောက် ဒုတိယဦးစားပေး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက် မရှိတာကြောင့် အသင်းပြောင်းရွှေ့ဖို့ စီစဉ်နေပြီး အီတလီကလပ်တွေဖြစ်တဲ့ အင်တာမီလန်၊ ဂျူဗင်တပ်အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းပြောင်းရွှေ့မယ့်အစား အသင်းမှာပဲ ပုံမှန်နေရာရဖို့အတွက် တိုက်ပွဲဝင်သင့်တယ်လို့ နည်းပြ ဆိုးလ်ရှားက တိုက်တွန်း ပြောကြားခဲ့ပါတယ်။ လူကာကူဟာ လက်ရှိအချိန်မှာတော့ ရာသီကြို လေ့ကျင့်ရေးခရီးစဉ်အဖြစ် သြစတြေးလျနိုင်ငံမှာ အသင်းနဲ့အတူ လေ့ကျင့်နေပါတယ်။
2 years Ago
More News
Up