ဆိုလာနှင့်လေ စွမ်းအင်သုံး ဘာစီလိုနာကမ်းခြေက လမ်းမီးတိုင်းများ

June 14, 2015

နက္ခတ်တာရာကြည့် အကြီးဆုံးမှန်ပြောင်း ချီလီတွင် ထားရှိမည်

ချီလီနိုင်ငံမြောက်ပိုင်းက ဒီတောင်ထိပ်ဟာ တည်ဆောက်ခဲ့သမျှထဲမှာ အကြီးဆုံးဆိုတဲ့ နက္ခက်တာရာကြည့် မှန်ပြောင်းထားရာနေရာ ဖြစ်လာတော့မှာပါ။ ဒီမှန်ပြောင်းကို မက်ဂျဲလန်တယ်လီစကုပ် လို့ခေါ်ပါတယ်။ ၂၅ မီတာအကျယ်ရှိတဲ့ ကြည့်မှန်တွေနဲ့တည်ဆောက်ထားတာမို့ အခြားမှန်ပြောင်း တွေထက်  ၆ ဆပိုပြီး အလင်းတွေကို စုဆုံပေးနိုင်သလို ရုပ်ထွက်ကလည်း ဟက်ဘယ်လ် နက္ခတ် တာရာကြည့်မှန်ပြောင်းထက် ၁၀ ဆပိုပြီး ပြတ်သားပါတယ်။ ခုဆိုရင် တည်ဆောက်ရေးလုပ်ငန်းစဖို့ နိုင်ငံတကာက ပါတနာတွေထည့်ဝင်တဲ့ငွေတင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ရှိသွားပြီဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ် ၁ ဘီလီယံရဲ့တ၀က်လောက် ရသွားပြီလို့ မက်ဂျဲလန် တယ်လီစကုပ်တည်ဆောက်ရေးအဖွဲ့က ဆိုပါတယ်။ လာမယ့် ၆ နှစ်အတွင်းမှာ ဒီတယ်လီစကုပ်နဲ့ အာကာသထဲကို စတင်ကြည့်ရှုနိုင်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ အပြည့်အ၀ လည်ပတ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုအကြီးစားတယ်လီစကုပ်နဲ့ဆိုရင် နက္ခတာရာပညာရှင်တွေဟာ ဟိုအရင်ကထက် အာကာသထဲကို ပိုပြီးနက်နက်ရှိုင်းရှိုင်းကြည့်ရှုနိုင်သလို အတိတ်ကခြေရာတွေကိုပါ ထောက်လှမ်းလာနိုင်မှာ ပါ။ တည်ဆောက်သူတွေရဲ့အဆိုအရ ဒီမှန်ပြောင်းသုံးတဲ့ အဓိကရည်ရွယ်ချက်က အနီးအနား ကြယ်စုတွေနားက ကမ္ဘာနဲ့တူတဲ့ဂြိုဟ်တွေကို ရှာဖွေဖို့နဲ့ အာကသထဲက အမှိန်ဆုံးဆိုတဲ့ ၀တ္ထုတွေ ကို ဖော်ထုတ်ပေးဖို့ပါပဲ။ [gallery ids="97732,97733,97734,97735,97736,97737,97738,97739"]
6 years Ago

June 13, 2015

သန္ဓေသားလောင်းနှင့်မိခင်ဖြစ်သူကို ချိတ်ဆက်ပေးမည့် ကိရိယာ

ကိုယ်ဝန်လွယ်ထားချိန်ဟာ မိခင်လောင်းတွေအတွက်တော့ စိုးရိမ်ရတဲ့အချိန်ပါပဲ။ ဒါပေမယ့် အစ္စရေးပညာရှင်တွေကတော့ ဒီလိုစိုးရိမ်စိတ်တွေကိုဖြေဖျောက်ပေးဖို့ ၀တ်ဆင်ထားနိုင်တဲ့ စောင့်ကြည့်ကိရိယာကို တီထွင်ထားတယ်လို့ ဆိုပါတယ်။ PregSense (ကိုယ်ဝန်အာရုံခံ) စောင့်ကြည့်ကိရိယာဟာ မိခင်နဲ့သန္ဓေ သားလောင်း ရဲ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့အချက်အလက် တွေကို ကောက်ယူပြီး ဘလူးတုသ် ကတဆင့် စမတ်ဖုန်းဆီကို ထုတ်လွှတ်ပေးပါတယ်။ ဒီမိုဘိုင်းစောင့်ကြည့်ကိရိယာလေးကြောင့် စိတ်ချလက်ချနေနိုင်ပြီလို့ ကိုယ်ဝန် လွယ်ထားတာ ၃၂ ပတ်ရှိပြီဖြစ်တဲ့ မစ်ချဲက ပြောပါတယ်။ "ဒါလေးက သန္ဓေသားနဲ့ ကျမကို အများကြီးချိတ်ဆက်ပေးတယ်။ ကျမဆန္ဒရှိရင် ဗိုက်ထဲက ကလေးရဲ့အသံကို နားထောင်နိုင်တယ်။ သုံးရတာလည်း လွယ်တယ်။ ဆရာဝန်ကိုချည်းပဲ အားကိုး မနေရတော့ဘူး။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဆက်သွယ်ပြီး ကလေးကိုကြည့်နိုင်သလို အသံကိုပါ ကြားနိုင်ပါတယ်။" တဲလ်အဗစ် အခြေစိုက် နူဗိုဂရု ကုမ္ပဏီကတော့ သူတို့ရဲ့မော်နီတာက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လာတဲ့ ရောဂါသစ်တွေကိုကုသဖို့ ဆရာဝန်တွေကို သိပ်မကြာခင်မှာ ထောက်ကူပေးနိုင်တော့မယ်လို့ ဆိုပါတယ်။ နူဗိုဂရု ဘုတ်အဖွဲ့ရဲ့ အကြံပေး ဒေါက်တာ ဗာဒါရှာလဗ်က "နှလုံးခုန်နှုန်း၊ သန္ဓေသားရဲ့တည်နေပုံ စတဲ့ ကလေးရော မိခင်လောင်းနဲ့ပါဆိုင်တဲ့ အချက်အလက်အများကြီးကို သိခွင့်ရတာ ဒါပထမဆုံးပါ။ ဒီအချက်အလက်တွေကိုမှ ကျနော် တို့က သရုပ်ခွဲပြီး လမစေ့ဘဲမွေးတာ၊ ကိုယ်ဝန်အဆိပ်တက်တာ စတဲ့ ကိုယ်ဝန်ဆောင်ချိန် အဖြစ်အပျက်တွေကို ကြိုတင်သိရှိပြီး အချိန်ကိုက်ကုသပေးနိုင်မှာဖြစ်ပါတယ်" လို့ ပြောပါတယ်။ မီးဖွားကာနီးမှာ အခက်အခဲကြုံနေရတဲ့မိခင်လောင်းတွေကို ဆေးရုံတွေမှာဆိုရင် အသံလွန် လှိုင်းသုံး ဒေါ့ပလာကိရိယာနဲ့ စောင့်ကြည့်စစ်ဆေးကြပါတယ်။ ဒါပေမယ့် PregSense တီထွင်သူ တွေကတော့ ဒီကိရိယာတွေကို နောက်ဆိုရင် တွေ့ရတော့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ နူဗို ရဲ့ အမှုဆောင်အရာရှိချုပ် အောရင် အော့ဇ်က "ဆရာဝန်တွေအတွက် ချက်ချင်းရလာမယ့် အကျိုးကျေးဇူးကတော့ အရမ်းဝန်ကျယ်တဲ့ CTG စက်တွေနေရာမှာ အစားထိုးပစ်နိုင်မယ်။ ဒီစက်ကြီးတွေက လေးလည်းလေးတယ်။ ပြီးတော့ နံရံမှာ သွားချိတ်ပြီး တောက်လျှောက် စောင့်ကြည့်နေရတာ" လို့ ပြောပါတယ်။ တစ်ရှူးတွေကိုပျက်စီးစေတဲ့ အာထရာဆောင်းနဲ့ယှဉ်ရင် ဆင်ဆာတွေနဲ့ယက်လုပ်ထားတဲ့ သိုင်းကြိုးက ပိုပြီးအန္တရာယ်ကင်းတယ်လို့ နူဗိုကဆိုပါတယ်။ လူတိုင်းအလွယ်သုံးနိုင်တဲ့ ဒီကိရိယာက ဒေါ်လာ ၂၅၀ ကျသင့်မှာဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ စတင်ဖြန့်ချိသွားမှာပါ။ လက်တွေသုံးနိုင်တဲ့ မော်ဒယ်ရပြီဆိုတာနဲ့ မိခင်နဲ့ကလေးစောင့်ရှောက်ရေးလုပ်ငန်းဟာ လုံးဝ အသွင်ပြောင်းသွားတော့မယ်လို့ နူဗို ကဆိုပါတယ်။
6 years Ago

လိုသလို စေခိုင်းနိုင်သည့် စက်ရုပ်လက်

အီစတွန်လာရှာပယ်လီဟာ အိပ်ခန်းထဲမှာတင် ကုန်ကျစရိတ်သက်သာတဲ့ စက်ရုပ်လက်ကို ဖန်တီးနိုင်ခဲ့တဲ့အတွက် စက်ရုပ်အတတ်နဲ့ ပတ်သက်လာရင် သူ့ကို ကမ္ဘာ့ရှေ့ဆောင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ တချို့ဆိုရင် စိတ်နဲ့တောင် ထိန်းချုပ်စေစားနိုင်ပါတယ်။ "အရှင်းဆုံးဥပမာပေးရရင် ကြိုးမဲ့ဦးနှောက်လှိုင်း အာရုံခံခေါင်းဆောင်းကို လက်ဖြတ်ထားတဲ့သူကို ပေးဆောင်းတဲ့အခါ ၁၀ မိနစ်အတွင်းမှာ စက်ရုပ်လက်ကို ကျင်ကျင်လည်လည်ထိန်းချုပ်လာနိုင်တာကို တွေ့ရတယ်။ ဒီတော့ သင်ယူတတ်မြောက်မှုမျဉ်းကွေးက မျဉ်းကွေးလို့တောင် ပြောလို့ မရတော့ဘူး။" လာရှာပယ်လီဟာ သူကိုယ်တိုင် တီထွင်ဖန်တီးပြီး ပရိုဂရမ်ရေးသွင်းခဲ့တာပါ။ ဦးနှောက်ရဲ့ အချက်ပြလှိုင်းဖမ်းကိရိယာကိုသုံးပြီး သူ့ရဲ့စက်ရုပ်လက်ချောင်းလေးတွေကို လိုသလိုစေခိုင်းနိုင် ပါတယ်။ "တကယ်တော့ ဦးနှောက်ရဲ့အချက်ပြသဏ္ဌာန်တွေကိုခြေရာခံပြီး လှုပ်ရှားမှုအဖြစ်ပြောင်းပေး လိုက်တာပါ။ ဒီနည်းနဲ့ ကျနော်က မျက်နှာအမူအရာပေါ်အခြေခံပြီး ဆုပ်ကိုင်ပုံ ဆုပ်ကိုင်နည်း တွေကို ပြောင်းပစ်နိုင်တယ်။ ပြီးတော့ ဦးနှောက်လှိုင်းတွေကိုသုံးပြီး လက်ဝါးကိုဆုပ်ဖို့ ဖြန့်ဖို့ ညွှန်ကြားလိုက်တဲ့သဘောပါပဲ။" ဦးနှောက်လှိုင်းရဲ့ကြိမ်နှုန်းတွေနဲ့ ထိန်းချုပ်နိုင်တဲ့ လာရှာပယ်လီရဲ့ စက်ရုပ်နည်းပညာဟာ ပထမဆုံးတော့မဟုတ်ပါဘူး။ ၂၀၁၀ တုန်းက သြစတေးလျက သိပ္ပံပညာရှင်တွေဟာ ထရပ်ကား ဆရာကို ဒီလိုအလားတူ စက်ရုပ်လက်မျိုး တပ်ဆင်ပေးဖူးပါတယ်။ ဒါပေမယ့် ဒီအတတ်ပညာရဲ့ အံ့သြစရာတွေဟာ ဒီလောက်နဲ့အဆုံးသတ်မသွားခဲ့ပါဘူး။ "3D ပုံနှိပ်စက်နဲ့ လူ့အင်္ဂါအစိတ်အပိုင်းတွေကို တုပဖန်တီးလို့ရတယ်။ လိုချင်တဲ့အတိုင်း အတိအကျ ထုတ်လုပ်နိုင်သလို ကုန်ကျစရိတ် သက်သာတယ်။ ခြေတုလက်တုတွေလို သီးခြားအသုံးချနိုင်တဲ့ အင်္ဂါတွေကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်နိုင်တယ်။" စက်ရုပ်လက်ထုတ်လုပ်မှုကုန်ကျစရိတ်က ဒေါ်လာ ၆၀၀ ပဲရှိပါတယ်။ လာရှာပယ်လီ ကတော့ အခြားသူတွေလည်း သူ့ရဲ့ဖန်တီးမှုကို အခြေခံပြီး ကိုယ့်စိတ်ကြိုက် ဖန်တီးထုတ်လုပ်စေချင်တာမို့ ဒီဆော့ဖ်ဝဲကို အခမဲ့ သုံးခွင့်ပေးထားပါတယ်။ ဒါကြောင့် တနေ့ကျရင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ထမ်းဆောင်နိုင်မယ့် စက်ရုပ်တွေပေါ်ထွက်လာနိုင်သလို ကမ္ဘာတ၀ှမ်းက ခြေပြတ်လက်ပြတ်တွေရဲ့ဘ၀တွေကိုလည်း မြှင့်တင်ပေးနိုင်လာမှာပါ။ [gallery ids="97406,97407,97408,97409,97410,97411,97412,97413"]
6 years Ago
Up