ဒိန်းမတ် အထွေထွေရွေးကောက်ပွဲမှာ ဆိုရှယ်ဒီမိုကရက်ပါတီ အနိုင်ရပြီးနောက် ဇွန်လ ၆ ရက်နေ့မှာ ပါတီခေါင်းဆောင် မက်တ် ဖရက်ဒရစ်ခ်ဆန် (Mette Frederiksen) က အောင်ပွဲခံမိန့်ခွန်း ပြောခဲ့ပါတယ်။
မဲဆန္ဒရှင်တွေက အတိုက်အခံပါတီကို ပါလီမန်မှာ အမတ်နေရာ အများစုရအောင် မဲပေးပြီးနောက် ဖရက်ဒရစ်ခ်ဆန်ဟာ နိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာဖို့ လမ်းပွင့်သွားပါတယ်။
မဲရလဒ်အရ လက်ဝဲ အတိုက်အခံအုပ်စုဟာ အမတ်နေရာ ၉၆ နေရာနဲ့ လက်ရှိ အာဏာရ လစ်ဘရယ်ပါတီနဲ့ လက်ယာယိမ်းတို့က ၇၉ နေရာ ရပါတယ်။
ဒါကြောင့် ဒိန်းမတ်ဟာ တနှစ်အကြာမှာ လက်ဝဲအစိုးရကို ရွေးကောက်တဲ့ တတိယမြောက် နော်ဒစ်နိုင်ငံ ဖြစ်လာပါတယ်။
ဇွန်လ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေက ခြိုးခြံချွေတာရေး အစီအမံတွေကို ဆန့်ကျင်ပြီး လက်ယာယိမ်း အမျိုးသားဝါဒီတွေကို ထိုးနှက်ခဲ့ပါတယ်။
ဒိန်းမတ်မှာ ဆယ်စုနှစ် နှစ်ခုကြာ လစ်ဘရယ်စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးနောက်မှာတော့ ဒီရွေးကောက်ပွဲဟာ ဆိုရှယ်ဒီမိုကရက်တစ်ပါတီကို အာဏာပြန်ရစေခဲ့ပါတယ်။
၂၀ ရာစုတလျှောက်လုံး ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အာဏာရချိန်မှာ အဲဒီပါတီဟာ ဒိန်းမတ်ကို သာယာဝပြောတဲ့ နိုင်ငံတခု ဖြစ်လာအောင် အဓိက ပုံဖော်ပေးခဲ့ပါတယ်။
2 years Ago