ဆိုစီဒက်

A d v e r t i s e m e n t With Us

December 31, 2015

ရီးရဲလ်မက်ဒရစ် ၃ - ၁ ရီးရဲလ်ဆိုစီဒက် (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၃၀ ရက်ညက ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ရီးရဲလ်ဆိုစီဒက်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်လိုက်လို့ ဖိအားတွေအောက် ရောက်နေတဲ့ ရီးရဲလ်နည်းပြ ဘင်နီတက်ဇ်လည်း စိတ်သက်သာရာ ရခဲ့ပါတယ်။ ရီးရဲလ်အတွက် ဦးဆောင်ဂိုးကို ၄၂ မိနစ်မှာ ရော်နယ်ဒိုက ပင်နယ်တီကနေ သွင်းယူပါတယ်။ ရီးရဲလ်ဆိုစီဒက်အတွက် ချေပဂိုးကိုတော့ ၄၉ မိနစ်မှာ ပြန်လည်သွင်းယူပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး ဘောလုံးပိုင်ဆိုင်မှုမှာ သိပ်မကွာပေမယ့် ရီးရဲလ်က ထိုးဖောက် ကန်သွင်းခွင့်တော့ ပိုရခဲ့ပါတယ်။ ဒုတိယ ဦးဆောင်ဂိုးကို ရော်နယ်ဒိုကပဲ ၆၇ မိနစ်မှာ ထပ်မံ သွင်းယူပါတယ်။ နောက်ဆုံးအပိတ်ဂိုးကို ၈၆ မိနစ်မှာ ဗာဂွတ်က သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်တဲ့ ရီးရဲလ်က ၃၆ မှတ်နဲ့ လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၃ မှာ ရပ်တည်နေပြီး ဇယားထိပ်က ဘာစီလိုနာရဲ့ နောက် ၂ မှတ်အကွာမှာ ရှိနေပါတယ်။
5 years Ago

October 19, 2015

စပိန်လာလီဂါပွဲ ရီးရဲလ်ဆိုစီဒက် ၀ - ၂ အက်သလက်တီကို မက်ဒရစ် (ရုပ်သံဟိုက်လိုက်)

စပိန်လာလီဂါ ပွဲစဉ် ရီးရဲလ်ဆိုစီဒက်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ အောက်တိုဘာ ၁၈ ရက်ညက ယှဉ်ပြိုင်ကစားရာ အက်သလက်တီကိုက အိမ်ရှင် ဆိုစီဒက်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အက်သလက်တီကို မက်ဒရစ်အတွက် ဂိုးတွေကို ပွဲချိန် ၉ မိနစ်မှာ  ဂရိဇ်မန်း (Antoine Griezmann) နဲ့ ပွဲပြီးခါနီး နာကျင်အချိန်မှာ ယန်နစ် ဖာရဲရာ ကာရတ်စ်ကို (Yannick Ferreira-Carrasco) တို့က သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အိမ်ရှင် ဆိုစီဒက်အသင်း ကစားသမား ဒီယေဂို ရီရက်စ် (Diego Reyes) နဲ့ ဂျွန်နသာ့စ် (Jonathas) တို့ ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဒီပွဲနိုင်လိုက်တာကြောင့် ရမှတ် ၁၆ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။
5 years Ago
Up