ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်မှာ သေဆုံးသူနှုန်းတွေ တိုးမြင့်လာပြီး လုံခြုံရေးစိုးရိမ်ရမှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ဆိုးရွားထိခိုက်လာတာကြောင့် အကူအညီပေးရေးလုပ်ငန်းတွေကို ဆိုင်းငံ့ထားတယ်လို့ ကမ္ဘာ့သတင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
သြဂုတ် ၂၅ ရက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ စစ်သွေးကြွတွေလက်ထဲမှာ WFP အပါအဝင် အကူအညီပေးရေး အေဂျင်စီတွေကနေ ဖြန့်ဖြူးပေးထားတဲ့ ရိက္ခာတွေ ရောက်ရှိနေတာကို မြန်မာအာဏာပိုင်တွေက အကြိမ်ကြိမ် သတင်းထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
လတ်တလော အကြမ်းဖက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှု ကြုံရတဲ့သူတွေ အပါအဝင် ထိခိုက်ဆုံးရှုံးမှုရှိတဲ့ လူ့အဖွဲ့အစည်းအားလုံးအတွက် တတ်နိုင်သမျှ မြန်မြန်ုပြန်ပြီး ပစ္စည်းအကူအညီိတွေ ဖြန့်ဖြူးပေးနိုင်ဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ WFP က စက်တင်ဘာ ၂ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောပါတယ်။
အစားအစာ ထောက်ပံ့ကူညီရေး အစီအစဉ်တွေ ရပ်ဆိုင်းထားလိုက်ရတာကြောင့် ဘေးဒုက္ခကြုံရသူပေါင်း ၂ သိန်းခွဲလောက်ကို ထိခိုက်သွားတယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်က ဆိုပါတယ်။
5 years Ago