ဆိုင်ကယ်စီးစက်ရုပ်

A d v e r t i s e m e n t With Us

October 30, 2015

ယမဟာ ကုမ္ပဏီမှ ထုတ်လုပ်သည့် ဆိုင်ကယ်စီးစက်ရုပ် (ရုပ်သံ)

ဂျပန်နိုင်ငံ မြို့တော် တိုကျိုမှာ ကျင်းပနေတဲ့ ၂၀၁၅ မော်တော်ကားပြပွဲမှာ ယမဟာဆိုင်ကယ် ကုမ္ပဏီက ဆိုင်ကယ်စီးစက်ရုပ်ကို အောက်တိုဘာ ၂၉ ရက်နေ့က ပြသခဲ့ပါတယ်။ ဒီစက်ရုပ်ကို မော်တော်ဘော့ အဆင့် ၁ 'MOTOBOT Ver. 1’ လို့ အမည်ပေးထားပြီး GPS နဲ့ ဆိုင်ကယ်ရဲ့ တည်နေရာနဲ့ မောင်းနှင်ရမယ့် လမ်းကြောင်းကို သိရှိတယ်လို့ ဆိုပါတယ်။ အခုတော့ ၁ နာရီကို ၇၅ မိုင်နှုန်း မောင်းနှင်နိုင်ပြီး စစထွက်ချင်း အထိန်းအဖြစ် ဘေးနှစ်ဘက်မှာ အကူဘီးငယ်တွေကို တပ်ဆင်ထားပါတယ်။ ယမဟာကုမ္ပဏီဟာ မော်တော်ဆိုင်ကယ် ထုတ်လုပ်တဲ့ အပိုင်းနဲ့  စက်ရုပ်နည်းပညာအပိုင်းဆိုပြီး လုပ်ငန်း ၂ ခု ရှိတာမှာ ဒီလုပ်ငန်း ၂ ခုကို ပေါင်းစပ်ပြီး ထုတ်လုပ်တာ ဖြစ်တယ်လို့ ယမဟာကုမ္ပဏီ စီအီးအိုတဦးဖြစ်တဲ့ ဟီရိုရှီ ဆိုင်ဂျူံး (Hiroshi Saijou) က ပြောပါတယ်။ အမြန်နှုန်း ၁ နာရီကို ၁၂၄ မိုင်အထိ မောင်းနှင်နိုင်တဲ့ စက်ရုပ်ကို ဆက်ထုတ်သွားမှာဖြစ်ပြီး လက်ရှိ ကားတွေမှာ အထူးတလည် ပြုပြင်စရာမလိုဘဲ အခုလို စက်ရုပ်တွေကို မောင်းနှင်သူနေရာမှာ အစားထိုး သုံးစွဲတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ လာမယ့် ၂၀၁၇ တိုကျိုမော်တော်ကားပြပွဲမှာ မော်တော်ဘော့အဆင့် ၂ 'MOTOBOT Ver. 2’ ကို ပြသနိုင်ဖို့ ယမဟာကုမ္ပဏီက ရည်မှန်းထားပါတယ်။
5 years Ago
Up