ဆိုက်ဘေးရီးယားဒေသ

August 28, 2018

သမ္မတ ပူတင် ဆိုက်ဘေးရီးယားဒေသတွင်း တောင်တက်နေသည့် ဓာတ်ပုံများ ဖြန့်ချိ

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီး ဆာဂီလ် ရွှိုင်ဂူ၊ ပြည်ထောင်စုလုံခြုံရေးဌာန (အက်ဖ်အက်စ်ဘီ) အကြီးအကဲ အလက်ဇန်းဒါး ဘော်တ်နီကော့ဗ် တိုနဲ့အတူ ဆိုက်ဘေးရီးယားဒေသအတွင်း တောင်တက်နေပုံ ဓာတ်ပုံတွေနဲ့ ရုပ်သံတွေကို ကရင်မလင်နန်းတော်က သြဂုတ် ၂၇ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။ အသက် ၆၅ နှစ်အရွယ် ပူတင်ဟာ တောထူတဲ့ တောင်တွေပေါ် တက်ပြီး ဆိုက်ဘေးရီးယားတောင်ပိုင်းက တူဗာဒေသအတွင်း ယေညီစေမြစ်ထဲမှာ လှေစီးနေပုံတွေကို တွေ့ရတာပါ။ အားလပ်ရက်အတွင်း ပူတင်ရဲ့ လျှပ်တပြက် ဓာတ်ပုံတွေဟာ သူ့ရဲ့ ရုပ်ပိုင်းကျန်းမာရေးနဲ့ တက်ကြွမှု အားမာန်ကို သရုပ်ပြဖို့ ရည်ရွယ်ပုံရတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ် ဖော်ပြပါတယ်။ ပူတင်ဟာ ဆိုက်ဘေးရီးယားဒေသတွင်း ကျောက်မီးသွေးတူးဖော်ရေး အချက်အခြာမြို့ ခေမေရိုဗိုမှာ ခရီးတထောက်နားပြီး စွမ်းအင်ကုမ္ပဏီတွေက ထိပ်တန်းမန်နေဂျာတွေ၊ အစိုးရ အရာရှိတွေနဲ့ သြဂုတ် ၂၇ ရက်နေ့မှာ အစည်းအဝေး တက်ရောက်ခဲ့ပါတယ်။
3 years Ago
Up