ဆိုက်ဘေးရီးယားကမ်းခြေတွင် နှင်းခဲလုံးများ ပေါ်လာ

A d v e r t i s e m e n t With Us

November 6, 2016

ဆိုက်ဘေးရီးယားကမ်းခြေတွင် နှင်းခဲလုံးများ ပေါ်လာ

ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားရဲ့ အနောက်မြောက်ဘက် အောဘ်လို့ခေါ်တဲ့ကမ်းခြေပေါ်မှာ ထောင်ပေါင်းများစွာတဲ့ သဘာဝနှင်းလုံးကြီးတွေ ထွက်ပေါ်လာပါတယ်။ ၁၁ မိုင် (၁၈ ကီလိုမီတာ) ရှည်လျားတဲ့ ကမ်းခြေတစ်လျှောက်ဟာ ရေခဲလုံးကြီးတွေနဲ့ ဖုံးလွှမ်းနေတာပါ။ နှင်းခဲလုံးကြီးတွေက တင်းနစ်စ်ဘောလုံး အရွယ်အစားကနေ ၁ မီတာနီးပါး (၃ ပေ) အချင်းရှိတဲ့ အရွယ်အစားထိ ဖြစ်နေတာလို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ ဖြစ်ခဲလှတဲ့ သဘာပတ်ဝန်းကျင်ဖြစ်စဉ် ရလဒ်အနေနဲ့ ရေခဲမှုန်အသေးလေးတွေက လေနဲ့ရေကြောင့် လုံးသွားရာကနေ နောက်ဆုံးမှာ နှင်းခဲလုံးအကြီးကြီးတွေ ဖြစ်လာတာပါ ဒေသခံရွာသူ ရွာသားတစ်ချို့က ဒီသဘာဝ နှင်းဘောလုံးကြီးတွေပေါ်မှာ ထိုင်ပြီး ဒါမျိုးတစ်ခါမှ မတွေ့ဖူးဘူးလို့ ပြောပါတယ်။ “ဖြစ်စဉ်အရတော့ ဦးဆုံး သဘာဝဖြစ်စဉ် ပထမအဆင့်က မခဲတစ်ခဲဖြစ်နေတဲ့ ဆီးနှင်းတွေ၊ နောက်ပင်လယ်ထဲမှာ မြောနေတဲ့ ဆီးနှင်းအစုအဝေးတွေ၊ ပြီးတော့ ဒါတွေက လေတိုက်ခတ်မှုကြောင့် ပေါင်းစည်းလာပြီး ကမ်းခြေတွေပေါ် ရောက်လာတယ်၊ အပူချိန်နဲ့လေတိုက်ခတ်မှု အခြေအနေတွေကြောင့်ဖြစ်တယ်” လို့ အာတိတ်နဲ့အာ့တလန္တိတ် သုတေသန အင်စတီကျူရဲ့ အတွင်းရေးမှူးက ပြောပါတယ်။ ဒီလိုနှင်းဘောလုံးကြီးတွေကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ဖင်လန်က ကမ်းခြေမှာတခါ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက လိတ်က်မစ်ရှီဂန်မှာ တခါ ဖြစ်ခဲ့ဖူးပါတယ်။  
4 years Ago
Up