ဆိုက်ဘာ

August 25, 2017

ဆိုက်ဘာဖောက်ထွင်းမှုဖြင့် တရုတ်နိုင်ငံသားတဦးကို အမေရိကန် ဖမ်းဆီး

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ခရီးသွားနေတဲ့ တရုတ်နိုင်ငံသားတဦးကို အမေရိကန်နိုင်ငံအတွင်း ဆိုက်ဘာဖောက်ထွင်း ခိုးယူမှု စွဲချက်နဲ့ ဖမ်းလိုက်တယ်လို့ အမေရိကန် အာဏာပိုင်တွေက သြဂုတ် ၂၄ ရက်နေ့မှာ ပြောပါတယ်။ သန်းနဲ့ချီတဲ့ အမေရိကန်အစိုးရ ဝန်ထမ်းတွေရဲ့ လုံခြုံရေးမှတ်တမ်းတွေကို ခိုးယူမှုနဲ့ ပတ်သက်တဲ့ ဆိုက်ဘာဖောက်ထွင်းမှုရဲ့ အစိတ်အပိုင်းအဖြစ် ယွီဖျိန်အန်းဆိုတဲ့ တရုတ်အမျိုးသားကို သြဂုတ် ၂၁ ရက်နေ့က လော့စ်အိန်ဂျလိစ် နိုင်ငံတကာလေဆိပ်မှာ ဖမ်းလိုက်တာပါ။ ဆာကူလာလို့ လူသိများတဲ့ ဆော့ဖ်ဝဲနဲ့ တခြားလူတွေကို ဖောက်ထွင်းရာမှာ လျှို့ဝှက်ပူးပေါင်းကြံစည်မှုနဲ့ စွပ်စွဲပြီး ပြည်ထောင်စု ရာဇဝတ်မှု စွဲချက်နဲ့ ဖမ်းခဲ့တာလို့ တရားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်တဦးက ပြောပါတယ်။ ဒီဆော့ဖ်ဝဲကို အမေရိကန်အစိုးရ စီမံရေးရုံးကို ဖောက်ထွင်းချိန်ကလည်း သုံးခဲ့ဖူးပါတယ်။
4 years Ago
Up