လီဗာပူးတို့ ဖလာမင်ဂိုအသင်းကို (၁-၀) နဲ့ အနိုင်ရပြီး ကမ္ဘာ့ကလပ်ဖလားချန်ပီယံ ဖြစ်ခဲ့သလို အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာလည်း ဥရောချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားတို့ကို တရာသီတည်းမှာ ကိုင်မြှောက်ဖူးတဲ့ အသင်းခေါင်းဆောင်အဖြစ် စာရင်းဝင်သွားပါတယ်။
ဆုဖလား ၃ လုံးကို တပြိုင်နက် ကိုင်မြောက်ခဲ့ဖူးတဲ့ အသင်းခေါင်းဆောင်တွေ ဘောလုံးသမိုင်းမှာ အများအပြား မရှိတာကြောင့် ဟန်ဒါဆင်အတွက်တော့ ဂုဏ်ယူရမယ့် အောင်မြင်မှုဖြစ်ပြီး ၇ ဦးမြောက်လည်း ဖြစ်ပါတယ်။
၂၀၀၂ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဖာနန်ဒိုဟိုင်ရာရိုက စံချိန်စတင်နိုင်ခဲ့ပြီး အဲဒီနောက် ၂၀၀၇ ခုနှစ်မှာတော့ ဘာစီလိုနာက ပူယိုးလ်၊ ဘိုင်ယန်မြူးနစ်အသင်းက ဖိလစ်လမ်း၊ ဘာစီလိုနာအသင်းကပဲ အင်နီယေစတာ၊ ရီးရဲလ်မက်ဒရစ်အသင်းက ဂိုးသမား ကားဆီးလက်စ်နဲ့ ဆာဂျီရိုရာမိုစ့်တို့က ဖလား ၃ လုံး ကိုင်မြှောက်ခွင့်ရတဲ့ အသင်းခေါင်းဆောင်စာရင်း ဝင်ခဲ့ပါတယ်။
ဥရောပနဲ့ နိုင်ငံတကာ ဖလားပြိုင်ပွဲတွေမှာ တရာသီထဲ ဖလား ၃ လုံး ချန်ပီယံဆု ရယူနိုင်တဲ့ ကလပ်ကိုတော့ ဂရင်းဆလင်းကလပ်လို့ သတ်မှတ်တာဖြစ်ပြီး ဟန်ဒါဆင်ဟာလည်း ဂရင်းဆလင်းကလပ် အသင်းခေါင်းဆောင် ဖြစ်လာပါတယ်။
ဟန်ဒါဆန်ဟာ ၂၀၁၃ ခုနှစ်က လီဗာပူးအသင်းခေါင်းဆောင်နေရာကို စတီဗင်ဂျရတ်ဆီကနေ လွှဲပြောင်းရယူခဲ့ရသူဖြစ်ပြီး ဟန်ဒါဆင်ဟာလည်း နာမည်ကြီးကလပ်ရဲ့ လူမသိတဲ့ အသင်းခေါင်းဆောင်လို့တောင် မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
လက်ရှိမှာတော့ သူ့အနေနဲ့ လီဗာပူးကို အကောင်းဆုံးဦးဆောင်ပြီး အသင်းရဲ့ ဖလားလက်မဲ့ ရာသီတွေကို အဆုံးသတ်ပေးခဲ့တဲ့အပြင် ဘောလုံးသမားတိုင်း တင်ဖို့ခက်တဲ့ စံချိန်တခုကို တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
1 year Ago