ဆုဖလားအတွက် အိပ်မက်မက်ရမည့်အချိန်ဟု လူးကပ်စ်မိုရာပြော

July 21, 2019

ဆုဖလားအတွက် အိပ်မက်မက်ရမည့်အချိန်ဟု လူးကပ်စ်မိုရာပြော

ပြီးခဲ့တဲ့ ရာသီကလိုပဲ အကောင်းဆုံးကစားသွားပြီးတော့ ဆုဖလားအတွက် အိပ်မက်မက်ရမယ့် အချိန်ဖြစ်တယ်လို့ စပါးကစားသမား လူးကပ်စ်မိုရာက ပြောကြားလိုက်ပါတယ်။ ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက စပါးအတွက် ခြေစွမ်းပြခဲ့သလို အသင်းကို ချန်ပီယံလိဂ်ဖိုင်နယ်ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာတော့ နည်းပြပိုချက်တီနိုက ချန်လှပ်ခဲ့လို့ လွဲချော်ခဲ့ပေမယ့် ပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမားဖြစ်လို့ နည်းပြရဲ့ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်မှာမဟုတ်ဘဲ အနာဂတ်မှာ အကောင်းဆုံးခြေစွမ်းပြဖို့ ပြင်ဆင်နေတယ်လို့ မိုရာကပြောပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်း ပိုကောင်းခဲ့ပေမယ့် ဆုဖလားနဲ့ လွဲချော်ခဲ့ရလို့ လာမယ့်ရာသီ ပစ်မှတ်တခုအဖြစ် မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ စပါးအသင်းဟာ လက်တလောမှာတော့ ရာသီကြိုစမ်းပွဲစဉ်တွေ ကစားဖို့ စင်ကာပူနိုင်ငံမှာ ရောက်ရှိနေပါတယ်။
2 years Ago
Up