ဆုန်ကရန်သင်္ကြန်

April 7, 2018

ရှေးရိုးရာ နန်းဝတ်နန်းစားဝတ်စုံ၊ ရိုင်ဖယ်သေနတ်များနှင့် တွေးချိန်ချင့်စရာ ဆုန်ကရန်သင်္ကြန်

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရဲ့ လမ်းမပေါ်မှာ ဧပြီ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ချီတက်လမ်းလျှောက်ပွဲဟာ ကြည့်ရှုသူတွေကို ထူးထူးခြားခြား အံ့အားသင့်စေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တက်ရောက်လာသူတွေဟာ ရှေးရိုးရာ နန်းဝတ်နန်းစား ဝတ်စုံတွေနဲ့ ရိုင်ဖယ်သေနတ်ကိုင်ထားကြသူတွေ ဖြစ်နေကြလို့ပါပဲ။ ထိုင်းခရီးသွားလာရေးဝန်ကြီး ဝီရာဆက်ခ်ကော်ဆူရတ်ဟာ သမိုင်းထဲက နန်းတွင်းဝတ်စုံကို ဝတ်ဆင် ပါဝင်ခဲ့တာဖြစ်ပြီး ဒီအခမ်းအနားကို ထိုင်းအမျိုးသားရဲဌာနနဲ့ ပူးပေါင်းစီစဉ်ခဲ့တာပါ။ ဒါက မကြာခင်ကျရောက်တော့မယ့် ဆုန်ကရန်သင်္ကြန်ပွဲတော်ကို ရိုးရာအတိုင်း ဘေးကင်းကင်းနဲ့ ဆင်နွှဲနိုင်ကြစေဖို့ အသိပေး နှိုးဆော်ချင်တာဖြစ်တယ်လို့ ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းအမျိုးသားရဲဌာန အကြီးအကဲ ဂျက်ခ်သစ်ပ် ချိုင်ဂျင်ဒါလည်း ဒီအခမ်းအနားမှာ တက်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ ဒီအခမ်းအနားကနေ လာမယ့် ၂၀၁၈ ခုနှစ်၊ ဆုန်ကရန် သင်္ကြန်ပွဲတော်မှာ ချစ်စရာကောင်းတဲ့ ဓလေ့နဲ့ ရိုးရာမပျက် ဆင်နွှဲနိုင်ဖို့ ကတိကဝတ်ပြုခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up