ဆုတံဆိပ်လျော့နည်းနိုင်

A d v e r t i s e m e n t With Us

October 22, 2016

အသင်းလိုက်ပြိုင်ပွဲ မပါဝင်မှုကြောင့် သေနတ်ပစ်အားကစား ဆုတံဆိပ်လျော့နည်းနိုင်

မလေးရှားဆီးဂိမ်းမှာ အသင်းလိုက်ပြိုင်ပွဲ မပါဝင်တဲ့အတွက် ဆုတံဆိပ်ရရှိမှု လျော့နည်းနိုင်တယ်လို့ မြန်မာနိုင်ငံသေနတ်ပစ်အားကစားအဖွဲ့ချုပ် ဥက္က| ကပြောပါတယ်။ လာမယ့် ၂၉ ကြိမ်မြောက် မလေးရှားဆီးဂိမ်းမှာ သေနတ်ပစ်အားကစားဟာ ကစားနည်းအမျိုးအစားတွေထဲမှာ အသင်းလိုက်ကစားနည်း ပါဝင်မှာမဟုတ်ပါဘူး။ မြန်မာသေနတ်ပစ်အဖွဲ့ဟာ အသင်းလိုက်ပြိုင်ပွဲမှာ ဆုတံဆိပ်တွေ ရဖူးထားတာကြောင့် အဲဒီ အားကစားနည်း မပါဝင်ရင် ဆုတံဆိပ်ရရှိမှုလျော့နည်းနိုင်တယ်လို့ မြန်မာနိုင်ငံ သေခတ်ပစ်အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးကျော်မိုးဝင်းက ပြောပါတယ်။ “ဒီနှစ်မှာတော့ ကျနော်တို့က အသင်းလိုက် ပစ်ခတ်စနစ် မပါဘူးပေါ့နော်။ မပါတဲ့ အတွက်ကြောင့် ဆုတံဆိပ်ရရှိနိုင်မယ့် အခြေအနေကတော့ ပိုပြီးတော့ နည်းပါးသွားပါ တယ်။ ဒါပေမယ့်လည်း ကျနော်တို့အနေနဲ့တော့ မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ် အနေနဲ့ အကောင်းဆုံးအတွက်ကို မျှော်လင့်ပြီးတော့ လေ့ကျင့်စေပါတယ်။ ကစားသမားတွေကိုလည်း ကျနော်တို့ လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။” ဆုတံဆိပ်တွေ မျှော်မှန်းနိုင်ဖို့အတွက် မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ်က လာမယ့်ဒီဇင်ဘာလမှာ နိုင်ငံခြားသားနည်းပြငှားရမ်းပြီး လေ့ကျင့်သွားဖို့စီစဉ်ထားပါတယ်။ “နိုင်ငံခြားသား နည်းပြကို ကျနော်တို့က ဒီဇင်ဘာလမှာ စတင်ငှားရမ်းဖို့အတွက်ကို ကျနော်တို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ တောင်ကိုရီးယားမေးထားတယ်၊ ကျန်တဲ့ တရုတ်တို့ဘာတို့လည်း မေးထားပါတယ်။ သူတို့ဆီကတော့ ပြန်ပြီးအကြောင်းမပြန်သေးပါ ဘူး။ သူတို့အကြောင်းပြန်လာပြီဆိုရင် သူတို့ရဲ့ စီဗွီဖောင်တွေဘာတွေ ကြည့်ပြီးတော့ ကျနော်တို့ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိမှသာလျှင် ကျနော်တို့ ငှားရမ်းသွားမှာ ဖြစ်ပါတယ်။” လို့ ဗိုလ်မှူးကျော်မိုးဝင်းက ပြောပါတယ်။ စေလွှတ်ယှဉ်ပြိုင်ဖို့အတွက် ကစားသမားရွေးချယ်မှုအပိုင်းမှာလည်း စီနီယာ ကစားသမားတွေကို အခြေပြုရွေးချယ်သွားမှာဖြစ်ပြီးတော့ အဲဒီကစားသမားတွေကလည်း သူတို့ရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။ “အိုလံပစ်မှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ဒီ ၂၉ ကြိမ်မြောက်ဆီးဂိမ်းမှာ အသုံးချနိုင်လိမ့် မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်မှုရှိပါတယ်။” လို့ ကစားသမား ရဲထွန်းနောင် ကပြောပါတယ်။ “အောင်မြင်မှုတွေ နည်းနည်း နည်းနေတယ်ပေါ့နော်။ ရွှေတို့ဘာတို့ဆိုတာ ဝေးကွာ နေသလိုဖြစ်နေတယ်။ စီနီယာတွေဆိုရင် ရွှေတွေအများကြီး ဆက်တိုက်ဆက်တိုက် ယူထား ကြတယ်လေ။ အခုကျတော့ နည်းနည်း အလှမ်းဝေးနေတယ်။ မျိုးဆက်တွေနည်းနည်း ပြတ် သွားတယ်ပေါ့။ အခုဆိုရင် ကန့်သွင်းတာလည်း ဆယ်ယောက်လောက်ပဲ ရှိတယ်။ အခုမှ ပဏာမ ရွေးဖို့ ပွဲလုပ်ပေးတာလေ။ မျိုးဆက်တွေပြတ်သွားတယ်လို့ အဲလိုမျိုးထင်တယ်။” လို့ ကစားသမား အိအိခိုင်က ပြောပါတယ်။ အရင်က သနတ်ပစ်အားကစားအနေနဲ့ ဆုတံဆိပ်တွေရရှိခဲ့ပေမယ့် အခုအချိန်မှာတော့ အောင်မြင်မှုတွေလျော့ကျနေပါ တယ်။ သေနတ်ပစ်အားကစားဟာပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်စင်ကာပူဆီးဂိမ်းမှာ ငွေတံဆိပ်နဲ့ ကြေးတံဆိပ်တွေသာ ရရှိထားပြီးတော့ အောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ အားကစားနည်း လည်းဖြစ်ပါတယ်။ ထက်လူ
4 years Ago
Up