ဆုတောင်းပွဲ ပြုလုပ်

February 2, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြန်အဆုံးသတ်ရေး သီရိလင်္ကာတွင် ဆုတောင်းပွဲ ပြုလုပ်

ကိုရိုနာဗိုင်းရပ်စ်သစ် စတင်ကူးစက်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ပြန်လာတဲ့ သီရိလင်္ကာ ကျောင်းသားတွေရဲ့ မိဘတွေဟာ မြို့တော်ကိုလံဘိုမှာ ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှု အမြန်အဆုံးသတ်ရေး ဖယောင်းတိုင် ထွန်းညှိဆုတောင်းပွဲကို ဖေဖော်ဝါရီ ၁ ရက်မှာ ပူးပေါင်းကျင်းပခဲ့ပါတယ်။ သီရိလင်္ကာ၊ တရုတ် လူမှုရေးနဲ့ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်တွေနဲ့အတူ ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းမှာ ပူးပေါင်းခဲ့တာပါ။ ရောဂါကူးစက်ဒဏ်ခံတွေအတွက် ဒဏ်ခံနိုင်စွမ်း တိုးမြှင့်ရေး ဆုတောင်းစာတွေကို ရွတ်ဆိုခဲ့ကြပါတယ်။ သီရိလင်္ကာနိုင်ငံရောက် တဦးတည်းသော ကူးစက်ခံ တရုတ်ခရီးသည်ဟာ အပြည့်အဝ နေပြန်ကောင်းသွားတာကြောင့်  ဖေဖော်ဝါရီ ၂ ရက် ဆေးရုံကနေ ဆင်းမယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ကြေညာအပြီးမှာ ဆုတောင်းပွဲ ကျင်းပခဲ့တာပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့က ဟူနန်ပြည်နယ်ထဲမှာ ပိတ်မိနေတဲ့ သီရိလင်္ကာ တက္ကသိုလ် ကျောင်းသား ၃၃ ယောက်ကို ချာတာလေယာဉ်နဲ့ အမိမြေကို ပြန်ခေါ်လာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ချိန် တရုတ်နိုင်ငံတည်းမှာ ပိတ်မိနေတဲ့ သီရိလင်္ကာ ကျောင်းသား အယောက် ၆၆၀ ထဲမှာ ခုတော့ ၂၀၄ ယောက်သာ ကျန်ရစ်ပါတော့တယ်။ သူတို့ကို လာမယ့် သီတင်းပတ်မှာ သီရိလင်္ကာနိုင်ငံဆီ ပြန်ခေါ်ဖို့ မျှော်လင့်ထားပါတယ်။
1 year Ago
Up