ဆီမြွန်နီ

A d v e r t i s e m e n t With Us

September 12, 2018

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဆန်ကာတင်စာရင်းတွင် ဂရစ်ဇ်မန်း မပါဝင်မှုအပေါ် ဝေဖန်

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်သုံးဦးစာရင်းမှာ ဂရစ်ဇ်မန်း မပါဝင်တာနဲ့ ပတ်သက်ပြီး နည်းပြ ဆီမြွန်နီက ဝေဖန်လိုက်ပါတယ်။ ဂရစ်ဇ်မန်းဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီး ယူရိုပါလိဂ်မှာ ချန်ပီယံဆု ရခဲ့သလို စပိန်လာလီဂါမှာလည်း ဒုတိယရခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦး ဖြစ်တယ်လို့ ဆီမြွန်နီက ဆိုပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း အကောင်းဆုံးကစားသမား ဖြစ်ခဲ့ပေမယ့် ဆန်ကာတင်သုံးဦး စာရင်းမှာ ရွေးချယ်ခြင်းမရှိတာဟာ ရှက်စရာကောင်းတယ်လို့ ဖီဖာကို ဆီမြွန်နီက ဝေဖန်ခဲ့ပါတယ်။ ဆန်ကာတင်သုံးဦးစာရင်းမှာ ရီးရဲလ်မက်ဒရစ်က မိုဒရစ်၊ စီရော်နယ်ဒိုနဲ့ လီဗာပူးတိုက်စစ်မှူး ဆာလက်တို့ ပါဝင်နေတာ ဖြစ်ပါတယ်။
2 years Ago

April 24, 2018

အာဆင်နယ်နှင့်ပွဲတွင် နည်းစနစ်ပြောင်းလဲကစားရန် တီကိုနည်းပြ စဉ်းစားနေ

အက်သလက်တီကိုမက်ဒရစ်နည်းပြ ဒီယေဂိုဆီမြွန်နီဟာ အာဆင်နယ်နဲ့ပွဲမှာ နည်းစနစ် ပြောင်းလဲကစားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ အက်သလက်တီကိုအသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးရွားနေပြီး နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲပဲ အနိုင်ရခဲ့တာပါ။ ခံစစ် ၃ ယောက် ထားကစားတဲ့ ကစားပုံဟာ အဆင်မပြေ ဖြစ်နေတာကြောင့် အာဆင်နယ်နဲ့ပွဲမှာ ကစားကွက်အသစ်နဲ့ ကစားဖို့ ဆီမြွန်နီက စဉ်းစားနေတာပါ။ အာဆင်နယ်နဲ့ပွဲမှာ အသုံးပြုမယ့် ကစားကွက်ဟာ အဲဒီနေ့ပွဲမတိုင်ခင်မှာ မိမိစိတ်ထဲမှာ ရှိနေတဲ့အတိုင်းသာ ပွဲထွက်ကစားစေမှာ ဖြစ်တယ်လို့ ဆီမြွန်နီက ဆိုပါတယ်။ ဒါ့အပြင် အာဆင်နယ်နဲ့ပွဲမှာ ၃ ယောက်တန်းခံစစ်ကို ဆက်ပြီး အသုံးပြုဖို့လည်း ဖြစ်နိုင်ပြီး ကစားသမားအားလုံးဟာလည်း ကြံ့ခိုင်မှု ပြည့်ဝနေမှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ အဓိကတိုက်စစ်မှူး ဒီယေဂိုကော်စတာ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆီမြွန်နီက အတည်ပြုပါတယ်။ အာဆင်နယ်နဲ့ အက်သလက်တီကိုအသင်းတို့ဟာ လာမယ့် ကြာသပတေးနေ့မှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
3 years Ago
More News
Up