တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်မှာ ဇန်နဝါရီ ၉ ရက်နေ့က ဆီးနှင်းထူထပ်စွာ ကျဆင်းမှုကြောင့် လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ပို့ဆောင်ရေးခရီးစဉ်တွေ ယာယီရပ်ဆိုင်းသွားပြီး ကျောင်းတွေ၊ ရုံးတွေကို ခေတ္တပိတ်လိုက်ပါတယ်။
ဒါဟာ ၇ နှစ်အတွင်း အပြင်းထန်ဆုံး အခြေအနေဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
၎ ရက်ဆက်တိုက် ဆီးနှင်းကျဆင်းတာကြောင့် အစ္စတန်ဘူလ်မြို့ရှိ နိုင်ငံတကာလေဆိပ် ၂ ခုက စုစုပေါင်း ခရီးစဉ် ၂၂၇ ခုကို ရွှေ့ဆိုင်းလိုက်ရပါတယ်။
မြို့ပေါ်ရှိ ကျောင်းအားလုံးကို ၂ ရက်ကြာပိတ်လိုက်ပြီး အစိုးရရုံးတွေကိုတော့ ပုံမှန်ထက်စောဆင်းဖို့ အုပ်ချုပ်ရေးအာဏာပိုင်တွေက ညွှန်ကြားခဲ့ပါတယ်။
ဒါ့အပြင် မြေထဲပင်လယ်မှာ မြူမှုန်တွေ ထူထူထဲထဲ ဆိုင်းနေတာကြောင့် တူရကီအစိုးရက ဘော့စ်ဖိုးရပ် ရေလက်ကြားအတွင်း ဖြတ်သန်းသွားလာတဲ့ ရေကြောင်းခရီးစဉ်အားလုံးကို ပိတ်လိုက်ပါတယ်။
အဲ့ဒီရေလက်ကြားဟာ မြေထဲပင်လယ်နဲ့ ပင်လယ်နက်ကို ဆက်သွယ်ထားပြီး နိုင်ငံတကာ ရေနံတင်သင်္ဘောတွေအတွက် အဓိကအရေးပါကြောင်း ဒေသဆိုင်ရာအာဏာပိုင်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။
6 years Ago