ဆီးရီးယား လေကြောင်းတိုက်ခိုက်မှုအတွင်း ပိတ်မိနေသည့် မိန်းကလေးငယ်ကို ကယ်တင်

November 24, 2017

ဆီးရီးယား လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် လူ ၁၂ ဦး ဒဏ်ရာရ

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တော်ရဲ့ အရှေ့ပိုင်းမှာရှိတဲ့ အာဘင်းမြို့မှာ နိုဝင်ဘာ ၂၃ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် လူ ၁၂ ဦး ဒဏ်ရာရရှိသွားပါတယ်။ အာဘင်းမြို့ဟာ ဆီးရီးယားသူပုန် အယ်လ်ရာမန်အဖွဲ့က ထိန်းချုပ်ထားတဲ့မြို့ဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့ရာ အခုလို လူ ၁၂ ဦး ဒဏ်ရာရရှိသွားတာဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ နောက်ထပ် သူပုန်တွေထိန်းချုပ်ထားတဲ့ ဇာမာလ်ကာမြို့ကိုလည်း နိုဝင်ဘာ ၂၃ ရက် တရက်တည်းမှာပဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါသေးတယ်။ အခုလေကြောင်းတိုက်ခိုက်မှုတွေကို ဆီးရီးယားအစိုးရက ပြုလုပ်တာဖြစ်တယ်လို့ ယူဆကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ အာဘင်းမြို့ United office က လွှင့်တင်ခဲ့တဲ့ ဗွီဒီယိုဖိုင်မှာ လေယာဉ်ပျံတွေကနေ တိုက်ခိုက်နေပုံတွေကို ရိုက်ကူးထားပြီး မီးခိုးတွေ အုံ့ဆိုင်းနေတဲ့ပုံတွေကို တွေ့မြင်ရပါတယ်။ နောက်ပြီး ကလေးငယ်တွေ အပါအဝင် ဒဏ်ရာရသူတွေ ဆေးကုသမှု ခံနေပုံတွေကိုလည်း တွေ့မြင်ရပါတယ်။ ဆီးရီးယားအစိုးရဘက်က ရုရှား ပါဝင်ကူညီတိုက်ခိုက်လာအပြီးမှာ ဆီးရီးယားသူပုန်တွေ အောင်ပွဲရဖို့ လမ်းမရှိ ဖြစ်လာခဲ့တာပါ။ ရုရှားသမ္မတ ပူတင်ဟာ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေပါတဲ့ ဆွေးနွေးပွဲကြီးတခုလုပ်ဖို့ တိုက်တွန်းထားပါတယ်။ အဲဒီဆွေးနွေးပွဲကတဆင့် အနာဂတ် ဆီးရီးယားနိုင်ငံပုံစံ ချမှတ်ဖို့ မူဘောင်တွေ ရေးဆွဲဖို့ကို ရုရှားက တိုက်တွန်းထားတာဖြစ်ပါတယ်။
4 years Ago

February 22, 2017

ဆီးရီးယား လေကြောင်းတိုက်ခိုက်မှုအတွင်း ပိတ်မိနေသည့် မိန်းကလေးငယ်ကို ကယ်တင် (ရုပ်သံ)

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့တော်နားမှာ အစိုးရလေကြောင်းတိုက်ခိုက်မှုတွေအတွင်း  အဆောက်အဦပျက်တွေအောက် ပိတ်မိခဲ့တဲ့ မိန်းကလေးငယ်တဦးကို အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဆွဲထုတ်ကယ်တင်နိုင်ခဲ့ကြပါတယ်။ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ ဆီးရီးယားအစိုးရလေတပ်ရဲ့ တိုက်ခိုက်မှုဖြစ်ပြီး အဲဒီပစ်ခတ်မှုမှာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဆီးရီးယားနိုင်ငံတဝန်းမှာ လတ်တလော အပစ်အခတ်ရပ်စဲရေး ကြေညာထားပေမယ့်လည်း အစိုးရတပ်ဖွဲ့တွေက သူပုန်ထိန်းချုပ်နယ်မြေတွေမှာ တိုက်ခိုက်မှုတွေ အရှိန်ပြန်မြှင့်လာလို့ အပစ်ရပ်သဘောတူညီမှု ပျက်ပြားနိုင်တယ်လို့ သူပုန်တပ်ဖွဲ့တွေကလည်း အသိပေးထားပါတယ်။ ဒမတ်စကတ်မြို့ အရှေ့ပိုင်းက သူပုန်ထိန်းချုပ်နယ်မြေတခုဖြစ်တဲ့ ဂူတာမြို့မှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အဲဒီမှာလည်း လူ ၂ ဦး သေတယ်လို့ သံခမောက်ဖြူ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်းက အစ်ဒလစ်ပြည်နယ်မှာတော့ အိုင်အက်စ် အကြမ်းဖက်တွေနဲ့ ဆက်နွယ်တဲ့ စစ်သွေးကြွတွေကို ဆီးရီးယားလေတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
4 years Ago
Up