ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း သူပုန်ထိန်းချုပ်ရာဒေသမှာ ဒီဇင်ဘာလ ၁၇ ရက်က ဆီးရီးယားအစိုးရနဲ့ ရုရှား လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူ ၁၇ ယောက်ထက်မနည်း သေဆုံးတယ်လို့ မျက်မြင်တွေနဲ့ ကယ်ဆယ်သမားတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုဟာ မားဇရန်ကျေးလက်မြို့က ဈေးကြီးတခုကို ထိမှန်ခဲ့ပြီး ၄ ယောက်ထက်မနည်း သေဆုံးတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောခဲ့ပါတယ်။
ဘတ်ဒါမာမြို့မှာလည်း နောက်ထပ် အရပ်သား ၆ ယောက် အသက်ဆုံးခဲ့ရသလို နောက် ၅ ယောက်ကတော့ အစ်ဒလစ်ပြည်နယ် အရှေ့တောင်ပိုင်းက တယ်မန်နက်စ်မြို့အနီးမှာ သေဆုံးတာဖြစ်တယ်လို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ဆီးရီးယား ပြည်တွင်းစစ် ၈ နှစ်ခွဲအကြာမှာတော့ အစ်ဒလစ်ပြည်နယ် အပါအဝင် နိုင်ငံအနောက်မြောက်ပိုင်းဟာ သူပုန်တွေလက်ထဲ ကျန်နေသေးတဲ့ နယ်မြေ ဖြစ်ပါတယ်။
အဲဒီဒေသတွေမှာ ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ် ရုရှားတို့ စစ်ဆင်ရေးလုပ်နေတဲ့သတင်းကို ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက မထုတ်ပြန်ခဲ့ဖူးလို့ ရိုက်တာသတင်းက ဆိုပါတယ်။
ဓာတ်ပုံ- Middle East Monitor (Anadolu Agency)
1 year Ago