ဆီးရီးယား သူပုန်များကို ထောက်ပံ့ရန် အမေရိကန်အထူးတပ်ဖွဲ့ စေလွှတ်မည်

A d v e r t i s e m e n t With Us

October 31, 2015

ဆီးရီးယား သူပုန်များကို ထောက်ပံ့ရန် အမေရိကန်အထူးတပ်ဖွဲ့ စေလွှတ်မည်

ဆီးရီးယား အလယ်အလတ်သူပုန်တွေကို ထောက်ပံ့ကူညီဖို့ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေကို စေလွှတ်မယ်လို့ အမေရိကန်ခေါင်းဆောင်တွေက အောက်တိုဘာ ၃၀ ရက်နေ့က ပြောပါတယ်။ ဆီးရီးယားသူပုန်တွေကို လေ့ကျင့်စစ်သင်တန်းပေးဖို့၊ ကူညီထောက်ပံ့ဖို့ အယောက် ၅၀ ထက်မပိုတဲ့ အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေကို စေလွှတ်မယ်လို့ ပြောဆိုတာပါ။ ဆီးရီးယားနိုင်ငံအတွင်း အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်တွေကို အမေရိကန်အထူးတပ်ဖွဲ့တွေ လျှပ်တပြတ်ဝင်ရောက်စီးနင်းမှုတွေ ရှိခဲ့ပေမယ့် မြေပြင်တပ်ဖွဲ့ဝင်တွေ စေလွှတ်တာကတော့ ဒါဟာ ပထမဆုံးဖြစ်ပါတယ်။ ဒါဟာ အိုင်အက်စ်အကြမ်းဖက်စစ်ဆင်ရေး အမေရိကန်ရဲ့ မဟာဗျူဟာအပြာင်းအလဲမဟုတ်ဘဲ စစ်ဆင်ရေးအရှိန်မြှင့်တင်တာလို့ အမေရိကန် ပင်တဂွန်အရာရှိတွေက ပြောပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အခုလိုအမေရိကန်အထူးတပ်ဖွဲ့တွေကို စေလွှတ်တာဟာ အရှေ့အလယ်ပိုင်းမှာ ကိုယ်စားပြုစစ်ပွဲတွေ ပိုပြင်းထန်လာဖို့ အားပေးသလိုဖြစ်နေပြီး အမေရိကန်နဲ့ ရုရှားစစ်တပ်တို့ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေက အိုင်အက်စ်အကြမ်းဖက်တွေကို အမေရိကန်က လေကြောင်းထိုးစစ်တွေ စတင်ခဲ့တာ ၁ နှစ်ကျော်ပြီဖြစ်ပါတယ်။ ဆီးရီးယားအလယ်အလတ် သူပုန်တွေကို အမေရိကန်က ပုံမှန်စစ်သင်တန်းပေးရေး အစီအစဉ်တွေကို မကြာခင်ကပဲ ဖျက်သိမ်းလိုက်ပြီး အဲ့ဒီအစား စစ်လက်နက်ပစ္စည်းတွေ တိုက်ရိုက်ထောက်ပံ့မှုတွေ တိုးလုပ်လာပါတယ်။
5 years Ago
Up