ဆီးရီးယား ရဲဌာနချုပ်အနီး အသေခံဗုံးခွဲ၊ ၂ ဦး သေဆုံး

October 12, 2017

ဆီးရီးယား ရဲဌာနချုပ်အနီး အသေခံဗုံးခွဲ၊ ၂ ဦး သေဆုံး

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်ရှိ ရဲဌာနချုပ်အနီးမှာ အောက်တိုဘာ ၁၁ ရက်နေ့က  အသေခံဖောက်ခွဲမှုကြောင့် အနည်းဆုံး ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ အသေခံဖောက်ခွဲရေးသမား ၂ ဦးက ရဲဌာနချုပ်ကို ဝင်ရောက်စီးနင်းဖို့ ကြိုးပမ်းရာမှ လုံခြုံရေးတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တယ်လို့ ဒမတ်စကပ်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။ တိုက်ခိုက်သူကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှာ တိုက်ခိုက်သူက အနီးရှိ အဝတ်အထည်ဈေးဝင်ပေါက်မှာ အသေခံ ဗုံးခွဲခဲ့ပါတယ်။ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့ မီဒီယာဖြစ်တဲ့ အာမက်သတင်းဌာနက အဲဒီဗုံးခွဲတိုက်ခိုက်မှုကို  အိုင်အက်စ်အဖွဲ့ ပြုလုပ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီလအစောပိုင်းကလည်း မြို့တော် ဒမတ်စကပ်ရှိ ရဲစခန်းတခုကို အိုင်အက်စ်စစ်သွေးကြွတွေ စီးနင်းတိုက်ခိုက်ခဲ့လို့ ၁၇ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကိုလည်း အိုင်အက်စ်အဖွဲ့က သူတို့ပြုလုပ်တယ်ဆိုပြီး ကြေညာခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up