ဆီးရီးယား ဓာတုတိုက်ခိုက်မှု

May 5, 2018

ဆီးရီးယား ဓာတုတိုက်ခိုက်မှု စုံစမ်းစစ်ဆေးမှု ပြီးဆုံးဟု ရုရှားပြော

ဆီးရီးယားနိုင်ငံ၊ ဒိုမာမြို့မှာဖြစ်ခဲ့တဲ့ သံသယဖြစ်ဖွယ် ဓာတုတိုက်ခိုက်မှုကို သွားရောက်စုံစမ်းတဲ့ ဓာတုလက်နက် အသုံးပြုမှုတားမြစ်ရေးအဖွဲ့ရဲ့ စုံစမ်းမှု ပြီးဆုံးပြီလို့ ရုရှားဘက်က ပြောလိုက်ပါတယ်။ ဓာတုလက်နက် အသုံးပြုမှု တားမြစ်ရေးအဖွဲ့ (OPCW) က စုံစမ်းရေးမှူးရဲ့ ဒိုမာမြို့က လုပ်ငန်းစဉ်အဆုံးသတ်ပြီလိုY ရုရှားကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ OPCW ဟာ ဒိုမာမြို့မှာ ဧပြီလ ၇ ရက်နေ့က ဖြစ်ခဲ့တဲ့ သံသယဖြစ်ဖွယ် ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကို သွားရောက်စုံစမ်းခဲ့တာပါ။ သူတို့စိတ်ဝင်စားတဲ့နေရာတွေ၊ အဆောက်အအုံတွေမှာ စိတ်ကြိုက်လေ့လာစုံစမ်းလို့ရအောင် စုံးစမ်းစစ်ဆေးသူတွေကို အကန့်အသတ်မဲ့ ၀င်ရောက်ခွင့် ပေးခဲ့တယ်လို့ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရသူ အစ်ဂေါ ခိုနာရှင်ခေါ့ဗ် က ကာကွယ်ရေး ၀န်ကြီးဌာန မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဂိုတာဒေသအရှေ့ပိုင်းမှာ OPCW က ပညာရှင်တွေရဲ့လုပ်ငန်းစဉ်အတွင်း အဆိပ်ဖြစ်စေတဲ့ပစ္စည်းတွေကို သုံးပြီး တိုက်ခိုက်ခံခဲ့ရတယ်ဆိုတဲ့ တိုက်ခန်း ၂ ခုကိုလည်း သွားခဲ့ကြတယ်။ လိုအပ်တဲ့ နမူနာတွေ ယူကြတယ်။ အကြမ်းဖက်သမားတွေ ရဲ့ ဓာတ်ခွဲခန်းနဲ့ ဓာတုပစ္စည်း သိုလှောင်ရုံကိုလည်း သွားခဲ့ကြတယ်။ ပညာရှင်တွေဟာ ဦးထုပ်ဖြူအဖွဲ့ဝင်တွေ ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲက ဒိုမာဆေးရုံကိုသွားပြီး အဲဒီဗွီဒီယိုထဲမှာပါတဲ့ ဒေသခံတွေကို တွေ့ဆုံမေးမြန်းခဲ့တယ်။ လိုအပ်တဲ့နမူနာတွေလည်း ယူခဲ့ကြတယ်လို့ ပြောခွင့်ရသူ ကိုနာရှန်ခေါ့ဗ်က ပြောပါတယ်။
3 years Ago
Up