ဆီးရီးယား စစ်တပ်က ဒမတ်စကတ်မြို့ အနောက်မြောက်ပိုင်းက သူပုန်တွေ တပ်စွဲထားတဲ့ ဝါဒီ ဘာရာဒါ ဒေသကို ဆက်ပြီး ပစ်ခတ်နေပုံ ရုပ်သံတွေ အင်တာနက်ပေါ် ရောက်လာပါတယ်။
ဗုဒ္ဒဟူးနေ့က အမြောက်နဲ့ ပစ်ခတ်နေပုံကို ရိုက်ကူးထားတာလို့ ဆိုပါတယ်။
အစိုးရက ဒီနယ်မြေကို ပြန်သိမ်းဖို့ ကြိုးစားနေတယ်။ ဒီနေရာဟာ ဒမတ်စကတ်မြို့ကို ရေဖြန့်ဖြူးနေတဲ့ အဓိက စမ်းချောင်း ရှိရာ နေရာပဲလို့ သူပုန်တွေက ပြောပါတယ်။
ဒီနေရာကို လက်ဘနွန်နိုင်ငံကနေ ဆီးရီးယားမြို့တော်ကို ကုန်စည် ဖြန့်ဖြူးတဲ့ အကြီးစား လမ်းကြောင်းအဖြစ် ဟဇ်ဘိုလာ ပြောက်ကျားတွေက သုံးပါတယ်။
ဆီးရီးယား အစိုးရနဲ့ အီရန်က ကျောထောက် နောက်ခံပေးထားတဲ့ မဟာမိတ်တွေက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာတွေ အဆုံးမသတ်ခဲ့ရင် ရုရှားအစိုးရ က ပြင်ဆင်ပေးတဲ့ ဆီးရီးယား ငြိမ်းချမ်းရေး ညှိနှိုင်းပွဲတွေမှာ ပါဝင်ရေး ဘယ်လို ဆွေးနွေးမှုကိုမှ မလုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သူပုန်တွေက တနင်္လာနေ့မှာ ပြောပါတယ်။
6 years Ago