ဆီးရီးယားနိုင်ငံတွင်း ခြေကုပ်ယူထားတဲ့ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွအုပ်စုက တိုက်ခိုက်ရေးသမားတွေ အယ်လ်ကာရီးယားတာနီမြို့ကို လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကို ရိုက်ကူးထားတဲ့ ရုပ်သံတခု အင်တာနက်ပေါ် ရောက်လာပါတယ်။
စစ်သွေးကြွတွေက တင့်ကားတွေကို စီးနင်းပြီး ကုန်ကားတွေ နောက်ဘက်ကနေ ဒုံးကျည်တွေကို တင်ဆောင် ပစ်ခတ်နေပုံကို ရိုက်ကူးထားပါတယ်။
ရုရှားတပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယား အစိုးရတပ်တွေက အိုင်အက်စ်တွေကို မတ်လ ၂၇ ရက်နေ့က ပါမိုင်းရာမြို့ကနေ မောင်းထုတ်ခဲ့ပါတယ်။
ဒါဟာ အစွန်းရောက် ဘာသာရေးစစ်ဝါဒီ အိုင်အက်စ်တွေအတွက် အကြီးဆုံး ထိုးနှက်ချက်တွေထဲက တခုပါ။
အိုင်အက်စ်တွေဟာ ဆီးရီးယားနဲ့ အီရတ်ရဲ့ အစိတ်အပိုင်းတွေကို သိမ်းပိုက်ပြီး ၂၀၁၄ မှာတော့ ဘာသာရေးဆရာ အုပ်ချုပ်တဲ့ ကာလီဖိတ်နိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။
5 years Ago