ဆီးရီးယားထောင်တွင်း ဆူပူအုံကြွ၊ ပေါက်ကွဲမှုများ ဖြစ်ပွား (ရုပ်သံ)

A d v e r t i s e m e n t With Us

May 8, 2016

ဆီးရီးယားထောင်တွင်း ဆူပူအုံကြွ၊ ပေါက်ကွဲမှုများ ဖြစ်ပွား (ရုပ်သံ)

ဆီးရီးယားနိုင်ငံ၊ ဟားမားအကျဉ်းထောင်တွင်းမှာ အကျဉ်းသားတွေ ဆူပူ အုံကြွမှုတွေဖြစ်ခဲ့တဲ့အတွက် အစိုးရက မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆန်တွေ အသုံးပြုပြီး ဖြိုခွဲခဲ့ရပါတယ်။ မေလ ၇ ရက်နေ့မှာ ဖြစ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၈၀၀ နီးပါး ချုပ်နှောင်ထားတဲ့ ဒီအကျဉ်းထောင်တွင်းမှာ အခြေအနေတွေဟာ ဆိုးသထက်ဆိုးဝါး လာနေတာပါ။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ အများစုပါဝင်တဲ့ ထောင်တွင်းဆူပူအုံကြွမှုဟာ တညလုံးဖြစ်နေခဲ့ပြီး လုံခြုံရေးအဖွဲ့တွေကလည်း မထိန်းသိမ်းနိုင်အောင်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အကျဉ်းသားတွေဟာ မကြာသေးခင်က သူတို့ထဲက အကျဉ်းသား ၅ ဦးကို သေ မိန့်ချမှတ်လွှဲပြောင်းမှု လုပ်ပြီးနောက်မှာ လုံခြုံရေးအစောင့်တော်တော်များများကို ဖမ်းဆီးခဲ့ပြီး ဆူပူအုံကြွမှုတွေ ပိုမိုပြင်းထန်လာခဲ့တာဖြစ်တယ်လို့ အကျဉ်းသားတွေနဲ့ နီးစပ်တဲ့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။ မနေ့ကတည်းက လူမှုကွန်ရက်စာမျက်နှာတွေပေါ်ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ အစိုးရနှိမ်နင်းရေးတပ်ဖွဲ့တွေဟာ အကျဉ်းသားတွေကို ရာဘာကျည်ဆန်တွေ၊ မျက်ရည် ယိုဗုံးတွေ ဒါဇင်နဲ့ချီ အသုံးပြုပြီး ဖြိုခွင်းခဲ့တာကို တွေ့ရပါတယ်။ အကျည်းသားပေါင်းများစွာဟာ ထောင်တွင်းလျှောက်လမ်းတလျှောက် ဂက်စ်အိုး တွေပေါက်ကွဲခဲ့ပြီးနောက်မှာ မီးတောက်မီးလျှံတွေကြားမှာ ပေါက်ကွဲမှုတွေနဲ့အတူ ရုန်း ရင်းဆန်ခတ်ပြေးလွှားနေကြတာကို ရုပ်သံဗွီဒီယိုဖိုင်မှာတွေ့ရမှာပါ။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူတွေက ဒီထောင်တွင်းမှာ နိုင်ငံရေးအ ကျဉ်းသားတွေ ထောင်နဲ့ချီရှိနေပြီး အများစုကို သေဒဏ်ချမှတ်မှာဖြစ်တယ်လို့ ပြောပေမယ့် ဆီးရီးယားအစိုးကတော့ ဒါကို ငြင်းဆိုထားပါတယ်။
5 years Ago
Up