ဆီးရီးယားအစိုးရထိန်းချုပ်ဒေသ ၅ နေရာတွင် ဗုံးပေါက်ကွဲ၊ အနည်းဆုံး လူ ၄၀ သေဆုံး

A d v e r t i s e m e n t With Us

September 6, 2016

ဆီးရီးယားအစိုးရထိန်းချုပ်ဒေသ ၅ နေရာတွင် ဗုံးပေါက်ကွဲ၊ အနည်းဆုံး လူ ၄၀ သေဆုံး

ဆီးရီးယားနိုင်ငံတ၀န်း အစိုးရထိန်းချုပ်ဒေသတွေမှာ စက်တင်ဘာ ၅ ရက် တရက်တည်း ၅ နေရာမှာ ဗုံးပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၄၀ သေဆုံးသွားတယ်လို့ ဆီးရီးယားအစိုးရ မီဒီယာတွေက ကြေညာပါတယ်။ ၄ နေရာကတော့ မြေထဲပင်လယ်ကမ်းခြေမြို့တမြို့ဖြစ်တဲ့ တာတွစ်မြို့၊ ဟုမ်းမြို့နဲ့ မြို့တော် ဒမာစကတ်က အစိုးရထိန်းချုပ်နေရာတွေမှာ ဖြစ်ပြီး ကျန်တနေရာကတော့ ကာ့ဒ်တပ်ဖွဲ့ထိန်းချုပ်တဲ့ နေရာမှာပါ။ လူအများဆုံး သေဆုံးခဲ့တာကတော့ ရုရှားရေတပ်အခြေစိုက်စခန်း တည်ရှိတဲ့ တာတွစ်မြို့မှာဖြစ်ပြီး အရပ်သား အယောက် ၃၀ လောက် သေဆုံးခဲ့ပါတယ်။ အဲဒီမြို့ဟာ ဆီးရီးယားသမ္မတ ဘာရှားအယ်လ် အာဆတ်ရဲ့ လူမျိုးစုတွေ အများစု နေထိုင်တဲ့မြို့လည်း ဖြစ်ပါတယ်။ ကားဗုံးဖောက်ခွဲခဲ့ပြီး ကူညီကယ်ဆယ်သူတွေ စုဝေးလာချိန်မှာ အသေခံဗုံးခွဲသူတဦးက ထပ်ပြီး ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။ ၁ နာရီအတွင်း ဗုံး ၄ လုံး ပေါက်ကွဲခဲ့တာဖြစ်ပြီး ဆီးရီးယားစစ် အနီးကပ်စောင့်ကြည့်ရေး အဖွဲ့တွေကတော့ သေဆုံးသူ အားလုံး ၄၇ ဦးလို့ ထုတ်ပြန်ထားပါတယ်။ ဒီဗုံးခွဲတိုက်ခိုက်မှုတွေကို အိုင်အက်စ်အကြမ်းဖက်တပ်ဖွဲ့က သူတို့ရဲ့လက်ချက်ဆိုပြီး သူတို့နဲ့နီးစပ်တဲ့ သတင်းဌာနတခုကနေ ကြေညာထားပါတယ်။
4 years Ago
Up