ဆီးရီးယားအစိုးရတပ်

March 9, 2018

ဆီးရီးယားအစိုးရတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးအပါဝင် ၁၈ ဦး သေဆုံး

ဆီးရီးယားအစိုးရတပ်တွေက သူပုန်ေတွ ခြေကုပ်ယူထားတဲ့ ဂိုတာဒေသမှာ ပြုလုပ်ခဲ့တဲ့ မတ်လ ၈ ရက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးတွေအပါအ၀င် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုတွေကို ဟာရာစတာ၊ ဆက်ခါဘာနဲ့ ဟာမိုရီယာမြို့ငယ်တွေမှာ လုပ်ခဲ့တာဖြစ်ပြီး အင်တာမာမြို့မှာတော့ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တယ်လို့ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။ ဟာမိုယာမြို့က လမ်းပေါ်မှာ ပေါက်ကွဲမှုတွေ ဖြစ်နေတာနဲ့ ဒဏ်ရာရသူတွေကို ဗန်ကားထဲ ကယ်ဆယ်နေတဲ့ ဗွီဒီယိုတွေကို ဆီးရီးယားအရပ်ဘက် ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ဦးထုပ်ဖြူအဖွဲ့က အင်တာနက်မှာ တင်ထားတဲ့ ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။ ဂိုတာဒေသအရှေ့ပိုင်းက ချီတက်လာတဲ့ အစိုးရတပ်တွေဟာ  ဒေသအနောက်ဘက်စွန်းက တပ်တွေနဲ့ ချိတ်မိပြီဖြစ်လို့ အစိုးရစစ်တပ်ဟာ ဂိုတာဒေသကို နှစ်ခြမ်းကွဲအောင် ထိုးစစ်ဆင်နေကြောင်း ဆီးရီးယားစစ်တပ် ကွပ်ကဲရေးမှူးတဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up