ဆီးရီးယားအစိုးရတပ်

May 4, 2018

ဆီးရီးယားအစိုးရတပ် တင့်ကားများဖြင့် အိုင်အက်စ်အဖွဲ့ရှိသည့်နေရာသို့ ချီတက် (ရုပ်သံ)

ဆီးရီးယား အစိုးရတပ်တွေနဲ့ တင့်ကားတွေ ဒမတ်စကတ်စ်မြို့တောင်ပိုင်းက အယ်လ်ဟာဂျာရွာဘက်ကို ချီတက်နေတဲ့ ဗွီဒီယိုဖိုင်တခုကို ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အစိုးရတပ်တွေက အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေရှိတဲ့ အယ်လ်ဟာဂျာနဲ့ ယာမောက် ပါလက်စတိုင်း ဒုက္ခသည်စခန်းတွေမှာ ဗုံးတွေကြဲနေတာ သီတင်းပတ်ချီ ကြာမြင့်နေပါပြီ။ ဒါပေမယ့် ဒမတ်စကတ်စ်မြို့တောင်ပိုင်း တဖက်ခြမ်းကို သိမ်းထားတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေဆဲပါ။ တိုက်ခိုက်ရေးသမား ၅,၀၀၀ နဲ့ သူတို့မိသားစုဝင်တွေဟာ ဒမတ်စကတ်စ်မြို့ တောင်ပိုင်းကနေ အတိုက်အခံတွေရှိတဲ့ နိုင်ငံမြောက်ပိုင်းဒေသတွေဆီကို ထွက်ခွာနိုင်ချေ ရှိတယ်လို့ ဆီးရီးယား နိုင်ငံပိုင်ရုပ်သံက သတင်းဖော်ပြပါတယ်။ အတိုက်အခံတွေဟာ ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းနဲ့ မြောက်ပိုင်းက နေရာတော်တော်များများကို သိမ်းထားဆဲဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတအာဆတ်ကတော့ အစိုးရ သိမ်းပိုက်နယ်မြေတွေ ပတ်လည်မှာရှိနေပြီး  သူပုန်တွေ ခြေကုပ်ယူထားတဲ့ ဒမတ်စကတ်စ်မြို့တောင်ပိုင်းနဲ့ ဟုမ်းစ်မြို့တွေကို ပြန်သိမ်းရေး လုပ်နေပါတယ်။
4 years Ago
Up