ဆီးရီးယားသူပုန် ထိန်းချုပ်သည့်ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၉ ဦးသေ

December 21, 2017

ဆီးရီးယားသူပုန် ထိန်းချုပ်သည့်ကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၉ ဦးသေ

ဆီးရီးယားနိုင်ငံက သူပုန်တွေထိန်းချုပ်ထားတဲ့ အီဒ်လစ်ပြည်နယ် ကျေးရွာတရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၉ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အီဒ်လစ်ပြည်နယ် အနောက်မြောက်ပိုင်း မားရှုရင်းကျေးရွာမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး သေဆုံးသူ ၁၉ ဦးမှာ ကလေး ၇ ဦး ပါဝင်ပါတယ်။ အခုတိုက်ခိုက်မှုကို ဆီးရီးယားအစိုးရ ဒါမှမဟုတ် ရုရှားတိုက်လေယာဉ်က လုပ်ခဲ့တာဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဆီးရီးယားအစိုးရဘက်ကရော၊ ရုရှားဘက်ကပါ ချက်ချင်း တစုံတရာ တုံ့ပြန်ပြောဆိုတာမျိုးမရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up