ဆီးရီးယားသူပုန်နှင့် အိုင်အက်စ် တိုက်ပွဲဖြစ်ပွားသည့် ရုပ်သံ ထွက်ပေါ်

May 30, 2016

ဆီးရီးယားသူပုန်နှင့် အိုင်အက်စ် တိုက်ပွဲဖြစ်ပွားသည့် ရုပ်သံ ထွက်ပေါ်

တူရကီနိုင်ငံ နယ်စပ်နားမှာ ဆီးရီးယားသူပုန်တွေနဲ့ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေကြား တိုက်ပွဲဖြစ်ပွားပုံကို ရိုက်ကူးထားတဲ့ ရုပ်သံတခု လူမှုကွန်ရက် မီဒီယာပေါ် တက်လာပါတယ်။ အိုင်အက်စ်စစ်သွေးကြွတွေက နယ်မြေပိုအမြန်ရဖို့ တိုက်ခဲ့လို့ ကျန်ခဲ့တဲ့ ၂ ရက်အတွင်း တိုက်ပွဲကြောင့် လူတွေ ဒါဇင်နဲ့ချီပြီး သေဆုံးခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့က မေလ ၂၈ ရက်မှာ ပြောပါတယ်။ သူပုန်တွေ တပ်စွဲထားတဲ့ မာရီအာမြို့ကို မေလ ၂၈ ရက် အစောပိုင်းမှာ စစ်သွေးကြွ အုပ်စုက တိုက်ခိုက်ရေးသမားတွေက ကားဗုံး အနည်းဆုံး ၂ လုံးသုံးပြီး ဝင်ရောက်ခဲ့တာလို့ မြေပြင်လှုပ်ရှားမှု အဖွဲ့တွေနဲ့ ချိတ်ဆက်ထားတဲ့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။ မနှစ် နှောင်းပိုင်းမှာ လွတ်လပ်သော ဆီးရီးယားစစ်တပ် နာမည်အောက်ကနေ တိုက်နေတဲ့ သူပုန်အဖွဲ့ခွဲနဲ့ အိုင်အက်စ် စစ်သွေးကြွတွေကြား တိုက်ခိုက်မှုဟာ လတ်တလော သီတင်းပတ်တွေအတွင်း ပိုတိုးလာခဲ့တာပါ။ ၂ ရက်အတွင်း တိုက်ပွဲကြောင့် တိုက်ခိုက်ရေးသမား ၄၁ ဦးနဲ့ အရပ်သား အနည်းဆုံး ၂၇ ဦး သေဆုံးခဲ့တယ်လို့ လေ့လာရေးအဖွဲ့က ပြောပါတယ်။
6 years Ago
Up