ဆီးရီးယားသူပုန်အဖွဲ့ ဆဲလ်ဖီရိုက်စဉ် ပေါက်ကွဲမှုဖြစ်သည့်ရုပ်သံ ပျံ့နှံ့

A d v e r t i s e m e n t With Us

September 16, 2016

ဆီးရီးယားသူပုန်အဖွဲ့ ဆဲလ်ဖီရိုက်စဉ် ပေါက်ကွဲမှုဖြစ်သည့်ရုပ်သံ ပျံ့နှံ့

ဆီးရီးယားသူပုန်အဖွဲ့ဝင်တွေလို့ ယူဆရသူတွေဟာ အုပ်စုလိုက်ရှိနေချိန် မိုဘိုင်းဖုန်းနဲ့  ဆဲလ်ဖီိရိုက်ခဲ့ကြပြီး ပေါက်ကွဲမှုတခုဖြစ်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပါတယ်။ ဆီးရီးယားလွတ်မြောက်ရေးတပ်မတော်မှ အဖွဲ့ဝင်တွေလို့ ယူဆရသူ ၈ ဦးဟာ သူပုန်အလံတခုရှေ့မှာ ရှိနေခဲ့ကြပြီး မိုက်ခရိုဖုန်းနဲ့ သီချင်းတွေ သီဆိုနေခဲ့ကြတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အဲဒီအချိန်မှာပဲ သူတို့ထဲမှတဦးဟာ မိုဘိုင်းဖုန်းယူလာပြီး သူ့မျက်နှာရှေ့ကနေ အုပ်စုလိုက် ဆဲလ်ဖီရိုက်ဖို့ ချိန်လိုက်တာကို တွေ့ရပါတယ်။ အဲဒီနောက် သူဟာ ဖုန်းခလုတ်ကို နှိပ်လိုက်ချိန်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး အခန်းတွင်းမှာ မီးတောက်မီးလျှံတွေနဲ့ မီးခိုးတွေ ဖုံးလွှမ်းသွားခဲ့တာပါ။ သူတို့တွေဆီက ဘာသာစကားနဲ့ “ဘုရားသခင်ဟာ ကြီးမြတ်တယ်” လို့ အဓိပ္ပါယ်ရတဲ့ အော်ဟစ်သံတွေကိုလည်း ကြားလိုက်ရပြီး မီးခိုးတွေစင်သွားချိန်မှာ ကင်မရာဟာ မျက်နှာကျက်ဆီ ထိုးချိန်ရိုက်လျက်သား ဖြစ်နေခဲ့တာကို တွေ့ရပါတယ်။ အချိန် စက္ကန့် ၃၀ သာကြာမြင့်တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ၀ါဒဖြန့်ရုပ်သံဗွီဒီယိုတခုလည်း ဖြစ်နိုင်ပြီး ဘယ်မှာရိုက်ကူးထားခဲ့တယ်ဆိုတာကို မသိနိုင်ဘူးလို့ မေရာသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ခုလိုပေါက်ကွဲမှုကြောင့် ရုပ်သံထဲမှာပါတဲ့ သူတွေ ထိခိုက်ဒဏ်ရာရသွားသလား၊ သေဆုံးသွားခဲ့သလားဆိုတာကိုလည်း မသိနိုင်ပါဘူး။
4 years Ago
Up