ဆီးရီးယားသူပုန်အဖွဲ့နှင့် အိုင်အက်စ်စစ်သွေးကြွများ တိုက်ပွဲ

July 2, 2015

ဆီးရီးယားတပ် တိုက်ကီဗုံးများဖြင့် တိုက်ခိုက်မှု ရုပ်သံ ထွက်ပေါ် (ရုပ်သံ)

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ အနီးတ၀ိုက်မှာရှိတဲ့ နယ်မြေ အတော်များများကို ဆီးရီးယား စစ်တပ်က တိုင်ကီဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပုံတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေ လူမှုကွန်ရက်မီဒီယာပေါ်ကို ရောက်နေပါတယ်။ ဆီရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အဆိုအရ တိုင်ကီဗုံးတွေကြောင့် အယ် ဆာလီဟမ် နယ်မြေမှာ လူ ၁၁ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။ အလက်ပိုမြို့ အနီးတ၀ိုက်ဟာ အစိုးရတပ်နဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့တို့ စစ်မက်ဖြစ်ပွားရာ နယ်မြေ ဖြစ်ပါတယ်။ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အဆိုအရ မာစာကန် ဟာနာနိုနယ်မြေမှာရှိတဲ့ ဓာတ်အားပေးစက်ရုံလည်း မီးလောင် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဗွီဒီယိုတခုမှာ အရပ်သားတယောက်က ဓာတ်အားပေးစက်ရုံ မီးလောင်လို့ မီးသတ်သမားတွေက မီးငြှိမ်းသတ်ခဲ့ရတဲ့အကြောင်းကို ပြောပြထားပါတယ်။ နောက် ဗွီဒီယိုတခုမှာလည်း သူပုန်တွေက ဒါရာမြို့နားမှာ လှုပ်ရှားနေတဲ့ ပုံရိပ်တွေ ပါဝင်ပါတယ်။
6 years Ago

June 9, 2015

ဆီးရီးယားသူပုန်အဖွဲ့နှင့် အိုင်အက်စ်စစ်သွေးကြွများ တိုက်ပွဲ ဆက်လက်ဖြစ်ပွား (ရုပ်သံ)

ဆီးရီးယားနိုင်ငံအတွင်း သူပုန်အုပ်စုနဲ့ အိုင်အက်စ်စစ်သွေးကြွတွေ အလက်ပိုမြို့ မြောက်ပိုင်းမှာ ဆက်ပြီး တိုက်ပွဲဖြစ်နေပါတယ်။ အလက်ပိုခရိုင်မြောက်ပိုင်းကို ထိန်းချုပ်နိုင်ဖို့ ၂ ဖက်လုံးက အသည်းအသန် တိုက်နေပုံ အပျော်တမ်းရုပ်သံလည်း အင်တာနက်ပေါ် ရောက်လာပါတယ်။ မတူခြားနားတဲ့ နေရာ ၃ ခုမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေပြီး အိုင်အက်စ်တပ်ဘက်က ရုပ်သံတခု ရိုက်ကူးထားပါတယ်။ အာရ်ရာရ် အယ်လ် ရှန့်မ်နဲ့ ရှန့်မ်တပ်ဖွဲ့အုပ်စုဘက်က ရုပ်သံ ၂ ခု ရိုက်ကူးထားပါတယ်။ ဒီသူပုန် အုပ်စု ၂ ခုစလုံးက အလက်ပိုမြို့ထဲမှာ တိုက်နေကြတဲ့ အဓိက သူပုန်အုပ်စုတွေ ဖြစ်ပါတယ်။ သည့်ရှန်မ်တပ်ဦးဘက်က ရိုက်ထားတဲ့ ရုပ်သံမှာတော့ အုမ် အယ်လ်ကွက်ရာရွာနားမှာ လက်နက်ကြီးတွေ၊ တင့်ကားတွေ သုံးပြီး တိုက်ခိုက်နေတာ ပြထားပါတယ်။ ရုပ်သံတွေကို ဇွန် ၇ နဲ့ ၈ ရက်နေ့က အွန်လိုင်းပေါ် တင်ခဲ့တာဖြစ်ပြီး ဘယ်အချိန်က ရိုက်ကူးထားတယ်ဆိုတာ ဖော်ပြမှု မရှိပါဘူး။ လူမှုကွန်ရက် မီဒီယာတွေပေါ်က ရတဲ့ ရုပ်သံတွေထဲက အချက်အလက်တွေကို သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးနိုင်မှုလည်း မရှိပါဘူး။ ဆီးရီးယား ပြည်တွင်းစစ် ၄ နှစ်နီးပါးအတွင်း လူအယောက် ၂ သိန်း ၁ သောင်းကျော် သေဆုံးခဲ့ပြီးပြီလို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဖေဖော်ဝါရီလထဲမှာ စာရင်းထုတ်ပြန်ခဲ့ပါတယ်။
6 years Ago
Up