ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ် ၃၃ ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ဟု တူရကီစစ်တပ် ပြော

December 8, 2017

ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွ စစ်ဆင်ရေး အောင်မြင်ပြီဟု ရုရှားပြော

ဆီးရီးယားနိုင်ငံထဲက အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေး ပြီးဆုံးအောင်မြင်ပြီလို့ ရုရှားစစ်တပ်က ဒီဇင်ဘာ ၇ ရက်နေ့မှာ ပြောပါတယ်။ အိုင်အက်စ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ အခြေစိုက်စခန်းတွေလည်း မကျန်တော့ဘူးလို့ ဆိုပါတယ်။ ရုရှားဗုံးကြဲလေယာဉ်တွေဟာ အိုင်အက်စ်တွေကိုရှင်းဖို့ နောက်ဆုံးအဆင့်တွေမှာ အင်အားသုံးခဲ့တယ်လို့ စစ်ဆင်ရေးရဲ့ အရာရှိချုပ် ဗိုလ်မှူးချုပ် ဆာဂီရုစကီက ပြောပါတယ်။ ဆီးရီးယား အစိုးရတပ်တွေဟာ အိုင်အက်စ်တွေရဲ့ ခြေကုပ်စခန်းဟောင်းတွေကို ပိုက်စိပ်တိုက်ရှာပြီး ထောင်ထားခဲ့တဲ့ မိုင်းတွေကိုလည်း ရှင်းလင်းနေပါတယ်။ အရင်လကလည်း ရုရှားဟာ ဗုံးကြဲလေယာဉ်တွေနဲ့ ၁၄ ကြိမ် ဗုံးကြဲ နှိမ်နင်းခဲ့ပါသေးတယ်။ ခုတော့ ဆီးရီးယားနိုင်ငံထဲမှာ တပ်ချထားတဲ့ ရုရှားစစ်တပ်ဟာ အပစ်အခတ်ရပ်စဲမှု ထိန်းသိမ်းရေးနဲ့ ငြိမ်းချမ်းမှု ပြန်တည်ဆောက်ရေးအတွက် အာရုံစိုက်မယ်လို့ ဆီးရီးယား စစ်ဆင်ရေး ရုရှား အရာရှိချုပ်က ပြောပါတယ်။
4 years Ago

February 13, 2017

ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ် ၃၃ ခုကို တိုက်ခိုက်ဖျက်ဆီးခဲ့ဟု တူရကီစစ်တပ် ပြော (ရုပ်သံ)

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အိုင်အက်စ် အကြမ်းဖက်စစ်ဆင်ရေးအတွင်း အိုင်အက်စ် အကြမ်းဖက်ပစ်မှတ် ၃၃ ခုကို လေကြောင်းက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ တူရကီစစ်တပ်က ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပြောပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက်က လေကြောင်းနဲ့ မြေပြင်စစ်ဆင်ရေးတွေအတွင်း အိုင်အက်စ်အကြမ်းဖက် ၄၂ ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အိုင်အက်စ်အကြမ်းဖက်တွေ သိမ်းပိုက်ထားတဲ့ အလက်ပိုမြို့နဲ့ တူရကီနယ်စပ်ကြားက အယ်လ်ဘတ်မြို့ထဲကိုလည်း တူရကီနောက်ခံတဲ့ ဆီးရီးယားသူပုန်တွေ စတင်ဝင်ရောက်နေကြပြီး တချိန်တည်းမှာ ဆီးရီးယားစစ်တပ်ကလည်း မြို့တောင်ဘက်က ဝင်ရောက်ဖို့ ချဉ်းကပ်နေကြတယ်လို့ ဆီးရီးယားစစ် အနီးကပ်စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ အဲ့ဒီမြို့ကို ဆီးရီးယားသူပုန်တွေ ပြီးခဲ့တဲ့တပတ် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ပိတ်ဆို့ခဲ့ကြပြီး ပြီးခဲ့တဲ့ရက်တွေအတွင်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလာတာပါ။ တူရကီသမ္မတ အာဒိုဝမ်က ဆီးရီးယား အိုင်အက်စ်အကြမ်းဖက်မြို့တော် ရက်ကာမြို့ အပါအဝင် ဆီးရီးယားနဲ့ တူရကီနယ်စပ်တကြောက အိုင်အက်စ် အကြမ်းဖက်တွေကို မရှင်းလင်းပြီးမချင်း တူရကီထိုးစစ်တွေ ရပ်ဆိုင်းသွားမှာ မဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြောဆိုပါတယ်။
4 years Ago
Up