ဆီးရီးယားတွင် ဒုံးကျည်ဖြင့်ပစ်ခတ်ခံရပြီးနောက် အခြေအနေ ရိုက်ကူးထားသည့်ရုပ်သံ ထွက်ပေါ်

May 3, 2017

ဆီးရီးယားတွင် ဒုံးကျည်ဖြင့်ပစ်ခတ်ခံရပြီးနောက် အခြေအနေ ရိုက်ကူးထားသည့်ရုပ်သံ ထွက်ပေါ်

မေ ၂ ရက်နေ့က ဆီးရီးယားနိုင်ငံ ဟာမာပြည်နယ်ထဲမှာ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရပြီးနောက် အခြေအနေတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတခု အင်တာနက် လူမှုကွန်ရက်တွေပေါ်မှာ တွေ့ရပါတယ်။ အဲဒီဗွီဒီယိုဟာ လာတန်နေး (LATAMNEH) မြို့မှာ မေ ၂ ရက်နေ့က ရိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ခိုက်ခံရပြီးနောက် လာတန်နေးနဲ့ ကာဖ် ဇီတာ (Kafr Zita) မြို့တွေမှာ အပျက်အစီးတွေကြားကနေ သေဆုံးသူတွေကို သယ်ထုတ်လာတာ ရုပ်သံဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သူတွေက ရဟတ်ယာဉ်ပေါ်ကနေ ကြဲချခဲ့တဲ့ ဗုံးတွေကြောင့် လာတန်နေးနဲ့ ကာဖ် ဇီတာ မြို့တွေအပြင် ဟာမာပြည်နယ်မြောက်ဘက်က မားရ်ကာဘာ (Maarkaba) ရွာတွေမှာ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်သူတွေအဖွဲ့က လာတန်နေးမြို့မှာ အမျိုးသား ၁ ဦးနဲ့ သူ့ရဲ့ အသက် ၆ နှစ်ကနေ ၁၄ နှစ်ကြား ကလေးငယ် ၅ ဦး သေဆုံးခဲ့တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ ပြင်းပြင်ထန်ထန် ဒဏ်ရာရခဲ့သူတွေ ရှိတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာဖို့ ရှိနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ရုပ်သံ - onenewspage.com
4 years Ago
Up