ဆီးရီးယားတွင် ထိခိုက်ဒဏ်ရာရသူ ကယ်ဆယ်ရန်သွားသည့် ဘတ်စ်ကားကို သူပုန်များ မီးရှို့

December 19, 2016

ဆီးရီးယားတွင် ထိခိုက်ဒဏ်ရာရသူ ကယ်ဆယ်ရန်သွားသည့် ဘတ်စ်ကားကို သူပုန်များ မီးရှို့

ဆီးရီးယားနိုင်ငံ အစ်ဒလစ်ပြည်နယ်မှာ အစိုးရထိန်းချုပ်တဲ့ ကျေးရွာ ၂ ရွာက နာမကျန်းသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေ ကယ်ဆယ်ဖို့သွားတဲ့ ဘတ်စ်ကားတွေကို ဒီဇင်ဘာ ၁၈ ရက်နေ့က သူပုန်တွေ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ ဒီကျေးရွာ ၂ ရွာဟာ အစိုးရထိန်းချုပ်ထားတဲ့ ရှီးယားမွတ်စလင်ကျေးရွာ ၂ ရွာဖြစ်ပြီး သူပုန်တွေက ပိတ်ဆို့ထားကြတာပါ။ အလက်ပိုမြို့အရှေ့ပိုင်းမှာ အရပ်သားတွေနဲ့ သူပုန်တွေကို ကယ်ထုတ်ရေးအစီအစဉ်တွေ ပြန်စဖို့ ဒီကျေးရွာ ၂ ရွာက အရပ်သားတွေကို အရင်ထွက်ခွာခွင့်ပေးရမယ်လို့ အစိုးရတပ်ဖွဲ့တွေက တောင်းဆိုနေကြတာပါ။ အခုလို ဘတ်စ်ကားတွေ မီးရှို့ခံရပေမယ့်လည်း အလက်ပိုမြို့က အရပ်သားတွေ ကယ်ထုတ်ရေး အစီအစဉ်တွေ စတင်နေပြီလို့ ဆီးရီးယားအစိုးရမီဒီယာက ပြောပါတယ်။ ပထမအစီအစဉ်ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့က ပျက်ပြားသွားခဲ့တဲ့အတွက် အလက်ပိုမြို့ အရှေ့ပိုင်းက အရပ်သားအများအပြားဟာ စားသောက်စရာ မရှိ၊ နေစရာ မရှိ၊ ဆိုးဆိုးရွားရွား ရာသီဥတုအောက်မှာ သောင်တင်ခဲ့ကြတာပါ။ အခုတော့ အလက်ပိုမြို့အရှေ့ပိုင်းမှာရော၊ အစ်ဒလစ်ပြည်နယ်မှာရော အရပ်သားတွေ ကယ်ထုတ်ရေး အစီအစဉ်တွေ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြန်လည်စတင်ကြတော့မှာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။
5 years Ago
Up