ဆီးရီးယားတွင်

November 4, 2017

ဆီးရီးယားတွင် အမျိုးသမီး ၅၀ ကျော် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ထဲ ၀င်ရောက်

ဆီးရီးယားနိုင်ငံမှာ အမျိုးသမီး ၅၀ ကျော်လောက်ဟာ ကိုယ့်သဘောနဲ့ကိုယ် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ဆီးရီးယားအစိုးရဟာ ကာလရှည်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ စစ်သားလိုအပ်ချက်ကို ဖြည့်တင်းဖို့ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ်။ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ထဲကို ဝင်ဖို့ လျောက်ထားတဲ့ အမျိုးသမီးအများအပြားရှိပြီး၊ တင်းကြပ်တဲ့ စံနှုန်းတွေနဲ့ စစ်ဆေးပြီးမှာ အခု အမျိုးသမီး ၅၀ ကို လက်ခံခဲ့တာလို့ စစ်သမီးတပ်ဖွဲ့ကပြောကြားပါတယ်။ “ကျမတို့ တပ်ထဲဝင်ရတာက ကျမတို့မြို့ကို ကာကွယ်ဖို့၊ ကျမတို့ပြည်သူတွေ လုံခြုံမှုရှိစေဖို့ပါ။ ကျမတို့ဟာ အမျိုးသားတွေလိုပဲ ကိုယ့်မြို့ကို လုံခြုံအောင်လုပ်ဖို့ အခွင့်အရေးရှိပါတယ်။ ဆီးရီးယားဆိုတာ ကျား၊ မ တန်းတူအခွင့်အရေးအတွက် လှုံ့ဆော်အာပေးနေတဲ့ နိုင်ငံပါ” လို့ စစ်သမီးတစ်ဦးက ပြောကြားသွားပါတယ်။ အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့် သူတို့ရဲ့ လေ့ကျင့်ရေးသင်ခန်းစာတွေက အမျိုးသားတွေနဲ့ ကွဲပြားပါတယ်။ စစ်သမီးအများစုဟာ မိုင်းရှင်းလင်းရေး၊ နယ်မြေထောက်လှမ်းရေး လုပ်ငန်းတွေအကြောင်း လေ့လာကြရပါတယ်။ ခွန်အားပိုသန်တဲ့ စစ်သမီးတွေကတော့ တိုက်ခိုက်ရေးအတွက် ၂ လလေ့ကျင့်ကြရပြီး အကြမ်းဖက်သမားတွေကို စစ်ရေးအရ တိုက်ခိုက်ရာမှာ  ရှေ့တန်းကနေ ပါဝင်တိုက်ခိုက်ကြရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

August 5, 2017

ဆီးရီးယားတွင် အိုင်အက်စ် ၂ ထောင်ခန့် ကျန်နေကြောင်း အမေရိကန်ပြော

အစ္စလာမစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွ အယောက် ၂ ထောင်လောက် ဆီးရီးယားနိုင်ငံ ရက်ကာမြို့ထဲမှာ ကျန်နေသေးတယ်လို့ ခန့်မှန်းထားတယ်လို့ အမေရိကန် အကြီးတန်း အရာရှိတယောက်က သြဂုတ် ၄ ရက်နေ့ ပြောလိုက်ပါတယ်။ အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်တွေက ထိုးစစ်ဆင်နေလို့ အိုင်အက်စ်တွေဟာ ရှင်သန်ရပ်တည်ရေးအတွက် တိုက်ပွဲဝင်နေကြတယ်၊ ရက်ကာမြို့ထဲမှာပဲ ရှိကြလိမ့်မယ် ထင်တယ်လို့ အိုင်အက်စ် တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့အတွက် အမေရိကန် အထူးသံတမန် ဘရတ်မက်ဂါ့က် က ဆက်ပြောပါတယ်။ “ကျနော်တို့ဟာ တည်ငြိမ်စေဖို့ ကတိပြုထားတယ်။ ဒီစကားလုံးက ပြန်လည် တည်ဆောက်ရေး သက်သက် မဟုတ်ဘူး။ အင်မတန် အရေးကြီးတယ်။ ကျောင်းတွေ၊ ဆေးရုံတွေ စနစ်တကျ ပြန်လည်ပတ်ဖို့၊ လူတွေ သူတို့အိမ်ကို ပြန်လာဖို့ အခြေအနေတွေကို ချိန်ညှိ ပြင်ဆင် ခင်းကျင်းနေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
4 years Ago
Up