ဆီးရီးယားတိုက်လေယာဉ် ပစ်ချခံရမှု ရုပ်သံထွက်ပေါ်

March 5, 2017

ဆီးရီးယားတိုက်လေယာဉ် ပစ်ချခံရမှု ရုပ်သံထွက်ပေါ်

ဆီးရီးယားလေတပ်ကလို့ ယုံကြည်ရတဲ့ တိုက်လေယာဉ်တစင်း တူရကီနယ်စပ်၊ ဆီးရီးယားနိုင်ငံဘက်ခြမ်းမှာ ပျက်ကျသွားတယ်လို့ တူရကီအရာရှိတွေက မတ် ၄ ရက်နေ့ကပြောဆိုပါတယ်။ ပျက်ကျသွားတဲ့ တိုက်လေယာဉ်ဟာ ရုရှားနိုင်ငံလုပ် MIG 23 တိုက်လေယာဉ်ဖြစ်ပြီး တူရကီအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ လေယာဉ်မှူးကို လိုက်လံရှာဖွေနေတယ်လို့ တူရကီ ၀န်ကြီးချုပ်ကပြောဆို ပါတယ်။ ဆီးရီးယားစစ်တပ်ကို တိုက်ခိုက်နေတဲ့ အရာ အယ်ရှမ်း Ahrar al-Sham စစ်သွေးကြွတပ်ဖွဲ့ကတော့ သူတို့ပစ်ချတာလို့ ပြောဆိုခဲ့ပြီး  ဆီးရီးယားနိုင်ငံမြောက်ပိုင်းက အစ်ဒလစ်ပြည်နယ်မှာ ဗုံးကြဲနေတာကြောင့် ပစ်ချတာလို့လည်းပြောဆိုပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့ ဟာဒေပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ သူတို့ အရေးပေါ်ကယ်ဆယ်ရေးတွေ ရောက်သွားချိန်မှာ လေယာဉ်မှူးတော့ မတွေ့ရှိဘူးလို့ပြောဆိုပါတယ်။ တူရကီနိုင်ငံဟာ ဆီးရီယားသူပုန်တပ်ဖွဲ့တွေကို ထောက်ပံ့ကူညီပေးနေပြီး တူရကီတပ်ဖွဲ့တွေကိုယ်တိုင်လည်း ဆီးရီးယားနိုင်ငံဘက်ခြမ်း နယ်စပ်တကြောမှာ ကာဒ့်တပ်ဖွဲ့တွေနဲ့ အိုင်အက်စ်အကြမ်းဖက်တပ်ဖွဲ့တွေကို စစ်ဆင်နေတာပါ။
5 years Ago
Up