ဆီးရီးယားတပ်ဖွဲ့က အိုင်အက်စ်ကို မြေပြင်၊ ဝေဟင် စစ်ဆင်ရေးဆင်နွှဲပုံ ထုတ်လွှင့်ပြသ

July 11, 2017

ဆီးရီးယားတပ်ဖွဲ့က အိုင်အက်စ်ကို မြေပြင်၊ ဝေဟင် စစ်ဆင်ရေးဆင်နွှဲပုံ ထုတ်လွှင့်ပြသ (ရုပ်သံ)


ဆီးရီးယားတပ်ဖွဲ့က အိုင်အက်စ်ကို မြေပြင်၊ ဝေဟင်... ဆီးရီးယားတပ်ဖွဲ့တွေဟာ ပါမီရာမြို့အနီးရှိ ရေနံတွင်းတွေနားမှာ ခြေကုပ်ယူထားတဲ့ အိုင်အက်စ် စစ်သွေးကြွတွေအပေါ် မြေပြင်၊ ဝေဟင် စစ်ဆင်ရေးတွေ ဆင်နွှဲနေတဲ့ ဗွီဒီယိုကို ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၉ ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဲဒီဗွီဒီယိုထဲမှာ စစ်လေယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပုံတွေ၊ တင့်ကားတွေနဲ့ ပစ်ခတ်နေပုံတွေကို ပြသခဲ့ပါတယ်။ ပါမီရာမြို့အနီးရှိ ရေနံတွင်းတွေဟာ ဗျူဟာအရ အရေးပါတဲ့အတွက် ဆီးရီးယားတပ်ဖွဲ့တွေဟာ အိုင်အက်စ်တွေကို တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဇွန်လအစောပိုင်းကတည်းက ဆီးရီးယားစစ်ဘက်ဟာ ထိုးစစ်တစိတ်တပိုင်းအဖြစ် ပါမီရာမြို့ အရှေ့ပိုင်းရှိ အာရက်ခ်ရေနံတွင်းကို ထိန်းချုပ်ခဲ့ပြီး စစ်သွေးကြွတွေ သိမ်းပိုက်ထားတဲ့ ဒီရာ အယ်ဇောက အိုင်အက်စ်နယ်မြေကို ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up