ဆီးရီးယားတပ်

July 1, 2018

ဆီးရီးယားတပ် ထိုးစစ်ကြောင့် နိုင်ငံတောင်ပိုင်းမြို့များကို သူပုန်များ လက်လွှတ်

ဆီးရီးယားအစိုးရတပ်တွေ ပြင်းပြင်းထန်ထန်  ထိုးစစ်ဆင်ပြီးနောက် ဇွန်လ ၃ဝရက်နေ့က သူပုန်တွေဟာ နိုင်ငံအနောက်တောင်ပိုင်း  မြို့တွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ဒီရာပြည်နယ်ကို အစိုးရတပ်တွေ အပြင်းအထန် ဗုံးကြဲပြီး  မြေပြင်တပ်ဖွဲ့တွေ ဝင်ရောက်နေတဲ့ ဗွီဒီယို ရုပ်သံကို အစိုးရတပ်က ဇွန် ၃ဝ ရက်နေ့မှာ ပြသခဲ့ပါတယ်။ အစိုးရတပ် ထိုးစစ် နှစ်ပတ်မပြည့်ခင်မှာပဲ သူပုန်ထိန်းချုပ်နယ်မြေ အရှေ့ပိုင်းရှိ နေရာ အတော်များများကို အစိုးရတပ်က ထိန်းချုပ်ခဲ့ပါတယ်။ မကြာသေးခင်ရက်တွေက အစိုးရတပ်တွေဟာ ဒီရာပြည်နယ်အရှေ့ပိုင်း မြို့တွေကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။ ဒီရာပြည်နယ် အနောက်ပိုင်းမှာလည်း အစိုးရတပ်တွေဟာ ဒယ်လ်နဲ့ အစ်ဘ်တာ မြို့တွေကို ထိန်းချုပ်ထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up