ဆီးရီးယားစစ်တပ်

January 2, 2020

ဆီးရီးယားတပ်ပစ်လွှတ်သည့်ဒုံးကျည် နေရပ်စွန့်ခွာသူများဂေဟာ ထိမှန်၊ ၈ ဦးသေဆုံး

ဇန်နဝါရီ ၁ ရက်နေ့က ဆီးရီးယားစစ်တပ်ရဲ့ ဒုံးကျည်တွေကြောင့် နိုင်ငံ အနောက်မြောက်ပိုင်းက နေရပ်စွန့်ခွာ ထွက်ပြေးတဲ့မိသားစုတွေ ခိုလှုံရာဂေဟာကို ထိမှန်ပြီး လူ ၈ ယောက်ထက်မနည်း သေဆုံးတယ်လို့ မျက်မြင်သက်သေတွေနဲ့ စစ်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တဖွဲ့က ပြောပါတယ်။ အိဒလစ်ပြည်နယ် ဆာမင်မြို့ထဲက မသုံးတော့တဲ့ ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေထဲမှာ ကလေး ငါးယောက်လည်း ပါဝင်ပြီး ၁၆ ယောက် ဒဏ်ရာရတယ်လို့ ဆေးဘက်ဝန်ထမ်း ၂ ယောက်က ပြောပါတယ်။ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ လူ ၉ ဦးသေဆုံးပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ ပြောပါတယ်။  ဦးထုပ်ဖြူအဖွဲ့လို့ သိကြတဲ့ အရပ်ဘက်ကာကွယ်ရေးအုပ်စုက အင်တာနက်ပေါ် တင်တဲ့ ရုပ်သံထဲမှာတော့ ကယ်ဆယ်ရေးသမားတွေက သေဆုံးဒဏ်ရာရတဲ့ ကလေးတွေနဲ့ လူကြီးတွေကို ကျောင်းအဆောက်အဦထဲကနေ သယ်ထုတ်နေတာ မြင်ရပါတယ်။ ဒီကျောင်းဟာ အိဒလစ် ပြည်နယ်အတွင်း ရုရှားကျောထောက်နောက်ခံ ပေးထားတဲ့ ဗုံးကြဲမှု တွေကနေ ထွက်ပြေးလာတဲ့ မိသားစုတွေ ခိုလှုံရာ နေရာပါ။ အရင်လက အစိုးရက ထိုးစစ်ပြန်စချိန်တည်းက ဆီးရီးယားနဲ့ အမေရိကန်ရဲ့ ဂျက်လေယာဉ်တွေနဲ့ တိုက်ခိုက်တဲ့ဒဏ် ခံရတဲ့ မြို့တွေ ရွာတွေထဲမှာ ဆာမင်မြို့လည်း ပါပါတယ်။  ၂၀၁၉ ဧပြီမှာ စတဲ့ ရုရှားဦးဆောင်တဲ့ ထိုးစစ်ကြောင့် တူရကီ နယ်စပ်နဲ့ နီးတဲ့ ဒေသတွေကနေ လူငါးသိန်းထက် မနည်း ထွက်ပြေးခဲ့ရပါတယ်။ အိဒလစ်ဘ် ပြည်နယ်ထဲမှာ အစုလိုက် အပြုံလိုက် လူသတ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရင်အပတ်က ပြောခဲ့ပါတယ်။  အရပ်သားတွေကို ခွဲခြားပြီး ဗုံးကြဲနေတယ်ဆိုတဲ့ အခိုင်အမာ ပြောဆိုချက်တွေကို ရုရှားနဲ့ ဆီးရီးယား အစိုးရတို့က ငြင်းပြီး  ဘာသာရေးစစ်ဝါဒီ စစ်သွေးကြွတွေကိုသာ တိုက်နေတာလို့ တုံ့ပြန်ပြောဆိုထားပါတယ်။
1 year Ago

August 22, 2019

ဆီးရီးယားစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံတရုံ ပျက်စီး

ဆီးရီးယားစစ်တပ်ဟာ အတိုက်အခံသူပုန်တွေ ခြေကုပ်ယူထားတဲ့ လက်ကျန်နယ်မြေ အီဒလစ်ပြည်နယ်မှာ ထိုးစစ်ဆင်နေချိန် သြဂုတ် ၂၁ ရက်နေ့က ဆေးရုံတရုံကို လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ပါတယ်။ လေကြောင်း တိုက်ခိုက်ခံရတာကြောင့် ဆေးရုံအဆောက်အအုံတခုလုံး ကြေမွပျက်စီးနေတဲ့ ရုပ်သံဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ရုရှားနဲ့ ဆီးရီးယား ဂျက်လေယာဉ်တွေဟာ မာရတ်အယ်လ် နျူမန်ဒေသနားက ကျေးရွာတွေနဲ့ မြို့တွေပေါ် ပြင်းပြင်းထန်ထန် ဗုံးကြဲခဲ့ပြီး အယ်လ်ရာမာ ဆေးရုံလည်း ဗုံးထိမှန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဟားမားပြည်နယ်မြောက်ပိုင်းနဲ့ အီဒလစ်ပြည်နယ် တောင်ပိုင်းကို အကြိမ်ရေ ထောင်ချီ ဝင်ရောက်စီးနင်းတဲ့ စစ်ဆင်ရေးမှာ ဆီးရီးယားအစိုးရ တပ်တွေကို ရုရှားက ကျောထောက်နောက်ခံ ပေးထားပါတယ်။ အနောက်နိုင်ငံတွေက ကျွမ်းကျင်သူတွေကတော့ ရုရှားရဲ့ လုပ်ရပ်ဟာ မီးလောင်ရာလေပင့်နေတယ်လို့ ပြောခဲ့ကြပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်းမှာ တိုက်ပွဲအခြေအနေဟာ မတိုးသာ မဆုတ်သာ ရှိနေခဲ့ပေမယ့် လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း ရုရုားက စစ်ဆင်ရေး အရှိန်မြှင့်တင်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် အရပ်သား ရာချီသေဆုံးပြီး လူဦးရေ လေးသိန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေ၊ အန်န်ဂျီအိုအဖွဲ့တွေနဲ့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။ ဆီးရီးယားစစ္တပ္ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေဆး႐ုံတ႐ုံ ပ်က္စီး DVB ဆီးရီးယားစစ္တပ္ဟာ အတိုက္အခံသူပုန္ေတြ ေျခကုပ္ယူထားတဲ့ လက္က်န္နယ္ေျမ အီဒလစ္ျပည္နယ္မွာ ထိုးစစ္ဆင္ေနခ်ိန္ ၾသဂုတ္ ၂၁ ရက္ေန႔က ေဆး႐ုံတ႐ုံကို ေလေၾကာင္းတိုက္ခိုက္မႈ ထိမွန္ခဲ့ပါတယ္။ ေလေၾကာင္း တိုက္ခိုက္ခံရတာေၾကာင့္ ေဆး႐ုံအေဆာက္အအုံတခုလုံး ေၾကမြပ်က္စီးေနတဲ့ ႐ုပ္သံဖိုင္ဟာ အင္တာနက္စာမ်က္ႏွာေတြေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ ႐ုရွားနဲ႔ ဆီးရီးယား ဂ်က္ေလယာဥ္ေတြဟာ မာရတ္အယ္လ္ န်ဴမန္ေဒသနားက ေက်း႐ြာေတြနဲ႔ ၿမိဳ႕ေတြေပၚ ျပင္းျပင္းထန္ထန္ ဗုံးႀကဲခဲ့ၿပီး အယ္လ္ရာမာ ေဆး႐ုံလည္း ဗုံးထိမွန္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ သူပုန္ေတြ ထိန္းခ်ဳပ္ထားတဲ့ ဟားမားျပည္နယ္ေျမာက္ပိုင္းနဲ႔ အီဒလစ္ျပည္နယ္ ေတာင္ပိုင္းကို အႀကိမ္ေရ ေထာင္ခ်ီ ဝင္ေရာက္စီးနင္းတဲ့ စစ္ဆင္ေရးမွာ ဆီးရီးယားအစိုးရ တပ္ေတြကို ႐ုရွားက ေက်ာေထာက္ေနာက္ခံ ေပးထားပါတယ္။ အေနာက္ႏိုင္ငံေတြက ကြၽမ္းက်င္သူေတြကေတာ့ ႐ုရွားရဲ႕ လုပ္ရပ္ဟာ မီးေလာင္ရာေလပင့္ေနတယ္လို႔ ေျပာခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့လေတြအတြင္းမွာ တိုက္ပြဲအေျခအေနဟာ မတိုးသာ မဆုတ္သာ ရွိေနခဲ့ေပမယ့္ လြန္ခဲ့တဲ့ ၁၀ ရက္အတြင္း ႐ု႐ုားက စစ္ဆင္ေရး အရွိန္ျမႇင့္တင္ခဲ့ပါတယ္။ အဲဒီတိုက္ပြဲေတြေၾကာင့္ အရပ္သား ရာခ်ီေသဆုံးၿပီး လူဦးေရ ေလးသိန္းေလာက္ ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရတယ္လို႔ ေဆးဘက္ဆိုင္ရာအဖြဲ႕ေတြ၊ အန္န္ဂ်ီအိုအဖြဲ႕ေတြနဲ႔ ကုလသမဂၢအဖြဲ႕က ေျပာပါတယ္။
2 years Ago
Up