ဆီးရီးယားစစ်တပ်နှင့် သူပုန်အဖွဲ့ တိုက်ပွဲဖြစ်နေသည့် ရုပ်သံ ဖြန့်ချိ

A d v e r t i s e m e n t With Us

October 31, 2016

ဆီးရီးယားစစ်တပ်နှင့် သူပုန်အဖွဲ့ တိုက်ပွဲဖြစ်နေသည့် ရုပ်သံ ဖြန့်ချိ

ဆီးရီးယားစစ်တပ်နဲ့ မဟာမိတ်တွေက နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ၀ါဒဖြန့်ချိရေး ရုပ်သံမှာ အလက်ပိုမြို့ အနောက်ဘက်မှာ သူပုန်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေပုံကို ရိုက်ကူးထားပါတယ်။ သူပုန်တွေဘက်က ထိုးစစ်ဆင်တာကို တန်ပြန်ထိုးစစ်နဲ့ တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ သူပုန်တွေဘက်ကလည်း အစိုးရတပ်တွေက မြို့ကို တပတ်ကြာ ၀ိုင်းထားတာကို ချိုးဖျက်မယ်လို့ ဆိုပါတယ်။ သူပုန်တွေရဲ့ ထိုးစစ်နည်းနာတွေထဲမှာ အမြောက်တွေနဲ့ လှမ်းပစ်တာ၊ အသေခံ ကားဗုံးခွဲတာတွေ ပါဝင်ပါတယ်။ သူပုန်အဖွဲ့တွေထဲမှာ အရင်က အယ်လ်ကိုင်းဒါးနဲ့ ပူးပေါင်းခဲ့တဲ့ ဂျဗတ် ဖတ္တာ အယ် ရှန်း အဖွဲ့နဲ့ လွတ်လပ်သော ဆီရီးယား တပ်မတော် (FSA)  အလံတော်အောက်မှာ တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တွေ ပါဝင်ပါတယ်။ အလက်ပိုမြို့ဟာ ဆီရီးယားမှာ ပြည်တွင်းစစ် မဖြစ်ခင်က အကြီးဆုံးမြို့ ဖြစ်ခဲ့ပါတယ်။ အခုတော့ အစိုးရက မြို့အနောက်ပိုင်းကို သိမ်းထားပြီး သူပုန်တွေက အရှေ့ပိုင်းကို သိမ်းထားပါတယ်။
4 years Ago
Up